လမ်းမတော်ကားပါကင်လု လူသတ်မှု ဖြစ်စဉ်ဗီဒီယို
18 Nov 2016 1,541 Views

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ လမ်းမတော်ရှိ နေအိမ်တိုက်ခန်းအောက်တွင် ကားပါကင်နေရာလုရာမှ ဖြစ်ပွားခဲ့သော လူသတ်မှု၏ ဖြစ်စဉ် အစ၊အဆုံးကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ရဲတပ်ဖွဲ့က သက်သေခံအဖြစ်တင်သွင်းကာ ဖုန်းကင်မရာဖြင့် ရိုက်ကူးခဲ့သူကို ပြန်ခေါ်သက်သေအဖြစ် တရားရုံးက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ဆေးခဲ့ပါတယ်။
အခင်းဖြစ်ပွားမှုမှတ်တမ်းရိုက်ကူးခဲ့သူက စွဲချက်တင် တရားခံ၏ သားဖြစ်ပြီး တရားလိုပြသက်သေအဖြစ် စစ်ဆေးခံခဲ့ရသူဖြစ်ပြီး ပြန်ခေါ်သက် သေအဖြစ် ထပ်မံစစ်ဆေးခြင်းဖြစ်သည်။ ဗီဒီရိုကို ပရိုဂျက်တာနဲ့ ဖွင့်ကြည့်ပြီး အခင်းဖြစ် ကိစ္စကို စွဲချက်တင်တရားခံရှေ့နေက အသေးစိတ် မေးမြန်းခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ စစချင်းမြင်ရတဲ့ မြင်ကွင်းကတော့ ဘေးတစ် ဖက်တစ်ချက်မှာ ကားတွေတန်းစီ ရပ်ထားတဲ့ ကားလမ်းမတစ်ခုကို အပေါ်စီးက ရိုက်ထားတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ တိုက်ရှေ့မှာရပ်ထား တဲ့ ကားတစ်စီး ရှေ့မီးကြီးထွန်းထားတာ မြင်ရပြီး ညအချိန်ဖြစ်ပါတယ်။
စွဲချက်တင်တရားခံအကျိုးဆောင်က မီးကြီးထွန်းထားတဲ့ ကားက ဘယ်သူကားလဲဟု မေးရာ၊ တရားလိုကားဖြစ်ကြောင်း၊ အဲသည့်ကားဘေး တီရှပေအဖြူဝတ်ထားပြီးခန္ဓာကိုယ်တောင့် တောင့်တင်းတင်း အမျိုးသားက ဘယ်သူလဲဆိရာ ဦးစိုးလှိုင် (သေဆုံးသူ)ဖြစ်ကြောင်း၊ အဲသည့်ကား ဘေးမှာရပ်ထားတဲ့ကားရှေ့ အင်္ကျီအဖြူဝတ်ထားသူက ဘယ်သူလဲ ဆိုရာ တရာလို (လှိုင်ဝင်းထွဋ်)ဖြစ်ကြောင်း ထွက်ဆိုတယ်။
ကားလမ်းတစ်ဖက်ကို ကူးသွားပြီး တုတ်ရှည်တစ်ချောင်း ဆွဲယူလာကာ ကားတစ်စီးရှေ့ရောက် တုတ်ကိုပစ်ချပြီး ခါးထောက်ရပ် နေတာ ဘယ်သူလဲ ဆိုရာ တရားလိုဖြစ်ကြောင်း၊ အဲသည်နောက် အခင်းဖြစ်ချိန် အခင်းဖြစ်နေရာမှာ ရှိနေတဲ့သူများကို တစ်ဦးချင်း ဘယ်သူဖြစ်တယ်ဆိုတာကို အသေး စိတ်မေးမြန်းခဲ့ပါတယ်။ အခင်းဖြစ် နေရာအနီးမှာ တရားလိုရဲ့ အမျိုးတွေဖြစ်တဲ့ အဒေါ်တွေနဲ့ ညီအစ် ကို ဝမ်းကွဲတော်သူ လေးငါးဦးခန့် ရှိကြောင်း နာမည်နဲ့တကွ ထွက်ဆိုပါတယ်။
ထွက်ဆိုချက်အရ တရားလိုဟာ ခဲကောက်ပြီး စွဲချက်တင် တရားခံကို ချိန်ရွယ်လို့ ဝိုင်းဆွဲကြကြောင်း၊ မီးထွန်းထားတဲ့ ကားနောက်ဖက် ဝင်သွားပြီးနောက် ဆူညံသံများကြားရတာနဲ့ ပတ်သက်ပြီး စွဲချက်တင် တရားခံကို တရားလိုတို့ဖက်က ဝိုင်းရိုက်တဲ့ အသံများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
စွဲချက်တင်တရားခံကို လက်ညှိုးထိုးပြီးပြောနေတဲ့ သူဟာ တရားလိုနဲ့ ညီဝမ်းကွဲတော်သူ ကို ..... ဖြစ်ကြောင်း၊ စွဲချက်တင်တရားခံနား ကို ............. ကပ်သွားစဉ် နောက်ကလှမ်းဆွဲသူမှာ တရားလို၏ အ ဒေါ်ဖြစ်ကြောင်း၊ စွဲချက်တင် တရားခံက နောက်ဆုတ် နောက်ဆုတ်နဲ့ သွားနေကြောင်း မှတ်တမ်း ဗီဒီယိုကိုကြည့်ပြီး ရုံးတော်ကို တင်ပြပါတယ်။ ဆူဆူညံညံအသံများ ကြားရပြီး အခင်းဖြစ်မှတ်တမ်းအရ အခင်းဖြစ်ချိန် အနားမှာ မရှိဟု ထွက်ဆိုထားတဲ့သူ ကို .............ဟာ အခင်းဖြစ်နေရာမှာ စွပ်စွဲခံရသူကို တရားလိုတို့ဘက်က ဝိုင်းဝန်းထိုး ကြိုတ်ရိုက်နှက်ခြင်း မပြုခင်ကတည်းက ရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အဲသည်နောက် အမှုစစ်တရား သူကြီးက စွဲချက်တင်တရားခံကို ယခုအမှုနဲ့ပတ်သက်ပြီး အပြစ်ရှိ မရှိမေးမြန်းရာ စွဲချက်တင်တရားခံက မိမိဘာမှမလုပ်လို့ အပြစ်မရှိကြောင်း၊ မိမိကိုသာ သူတို့ဘက်က ဝိုင်းရိုက်တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ အဲသည်နောက်တရားခံပြ သက်သေ ငါးဦးကို စစ်ဆေးခွင့်ပြုဖို့ သက်သေစာရင်း တင်သွင်းခဲ့ပါတယ်။ လာမယ့်ရုံးချိန်းမှာ စွဲချက် တင်တရားခံကို စတင်စစ်ဆေးမှာ ဖြစ်ကြောင်း သိရှိရသည်။
ရာဇသတ် ကြီး ဥပဒေပုဒ် ၃၀၂(၂) လူသတ်မှုနဲ့စွဲချက်တင် ကြောင်း အမိန့်ချခဲ့သည်။ ထို့အပြင် ဒေါ်ဇင်ဇင်မာရရှိခဲ့သော ဒဏ်ရာနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးဥပ ဒေ ပုဒ်မ ၃၂၄ နာကျင်စေမှုနဲ့စွဲ ချက်တင်ထားပါတယ်။
အနောက် ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင် တရားသူကြီး(၂) တရားခွင်မှာ ပြစ်မှုကြီးအမှုအမှတ် ၂/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/ ၃၂၄ နဲ့ ဦးထွန်းထွန်းမိုး(ခ)ကင်စွမ်း ကိုတရားစွဲဆိုမှု ဖြစ်ကြောင်း သိရှိရပါသည်။
Credit:မော်ဒန်