သမီးအရင်းကို (၂) ကြိမ်တိုင်တိုင် အဓ္ဓမပြုကျင့်သည့် ဖခင်ကို မိခင်မှအမှုဖွင့်
18 Nov 2016 1,352 Views

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် သမီး အရင်းကို အဓမ္မ(၂)ကြိမ် ပြုကျင့်သည့် ဖခင်အား မိခင်မှ ရာဇသတ်ကြီး ပုဒ်မ(၃၇၆)ဖြင့် နိုဝင်ဘာ(၁၃)ရက်က အမှုဖွင့်ထားကြောင်း ကျွန်းလှမြို့မ ရဲစခန်းမှ သိရှိရသည်။
ကျွန်းလှမြို့နယ် ဝေလမူကျေးရွာနေ ဒေါ်မိုးမိုး(၃၂)နှစ်မှာ နိုဝင်ဘာ (၁၃)ရက် နံနက်ပိုင်းက နေအိမ်အောက်ထပ် တွင် ထမင်းချက်ပြုတ်နေစဉ် နေအိမ်၏ အပေါ်ထပ် အိပ်ခန်းအတွင်း အိပ်နေသော (၁၁)နှစ် အရွယ်သမီးကို ဖြစ်သူ ဖခင်အရင်းဖြစ်သူ ကိုကျော်မိုး (၄၂)နှစ်မှ အရက်သေစာသောက်စားပြီး အဓမ္မ (၂)ကြိမ် ပြုကျင့်ကြောင်း သမီးဖြစ်သူမှ နေအိမ်၏ အောက်ထပ်သို့ ဆင်းလာကာ မိခင် ဒေါ်မိုးမိုးအား ပြောပြသဖြင့် မိခင်ဖြစ်သူမှ ကျွန်းလှမြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“သမီးအရင်းကိုဖခင်က အဓမ္မ(၂)ကြိမ်ကျင့်ပါတယ်။ သမီးကလည်း မိခင်ဖြစ်သူကို ဒီလိုဒီအကြောင်း ပြောပြ တော့ မိခင်ကလည်း ကျွန်တော်တို့ သဖန်းဆိပ် နယ်မြေရဲစခန်းမှာ အမှုဖွင့်သွားတာပါ။”ဟု သဖန်းဆိပ် နယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်ဝင်းက ပြောသည်။
အဆိုပါ အမှုအားကျွန်းလှမြို့နယ် သဖန်းဆိပ်နယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၅/၂၀၁၆ (ပ) ၂၈/၂၀၁၆ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်
Credit:မြစ်မခမီဒီယာ