BEC-TERO TV

ဘင်္ဂါလီကျေးရွာများတွင် အကြမ်းဖက်အဖျက်သမားများ ရွာသားအသွင် ခိုအောင်းနေ

17 Nov 2016     1,345 Views


ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ဘင်္ဂါလီကျေးရွာများတွင် အဖျက်သမားများက ရွာသားများအသွင်ယူထားပြီး ခိုအောင်းနေထိုင်ကြသည်ဟု သတင်းရရှိသည့်အတွက် လုံခြုံရေးစိတ်မချရမှုကြောင့် မောင်တောသို့သွားရောက်မည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့၏ ခရီးစဉ်ဖျက်သိမ်းခဲ့ရကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က သတင်းရရှိသည်။
 
ဘင်္ဂါလီရွာများတွင် ရွာခံများက အဖျက်သမားများကို လက်ခံထားကြပြီး ရွာသာများအဖြစ် ဟန်ဆောင်ခိုအောင်နေပြီး ဘင်္ဂါလီရွာတိုင်းလိုလို အကြမ်းဖက်အဖျက်သမားများနှင့် အဆက်အသွယ်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြန်ကြားရေးကော်မတီဥက္ကဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောကြားခဲ့သည်။ အဆိုပါအခြေအနေများကြောင့် မောင်တောမြို့ရှိ ဘင်္ဂါလီကျေးရွာများတွင် ပိတ်ဆို့ကာရံထားသော အလုံပိတ်နေအိမ် စည်းရိုးများအား တပ်မတော်နှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖယ်ရှားခဲ့ကြပြီး ကျေးရွာများတွင် ခိုအောင်းနေသော အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်ရာ တိုက်ပွဲ (၉)ကြိမ်ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
 
အဆိုပါဘင်္ဂလီကျေးရွာများအတွင်းမှာ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှု (၁၀)ကြိမ်၊ ပစ်ခတ်ဖမ်းဆီမှု(၉)ကြိမ်၊ နှောင့်ယှက်ပစ်ခတ်ခံရမူ (၃)ကြိမ်နှင့် ကားမိုင်းဖောက်ခွဲခံရမူ (၃)ကြိမ်ရှိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရခိုင်ပြည်နယ်စပ်၊ မောင်တော ဖြစ်စဉ်အတွင်း အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ဘင်္ဂလီ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် မောင်တောမြို့နယ်ရှိ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငါးခူးရ၊ မြင်းလွတ်၊ ဒါးကြီးစား၊ ဂွဆုံ၊ ပွင့်ဖြူချောင်းစသည့် ဘင်္ဂလီကျေးရွာများတွင် စုစုပေါင်းအဆောက်အဦ (၂၇၇)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များကြောင့်မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးအပါအဝင် အရာရှိ၊စစ်သည် (၇)ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၀)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၁၁)ဦးရှိကာ လက်ရှိအချိန်အထိသေဆုံးသူ ဘင်္ဂလီ(၆၉)ဦးနှင့် ဖမ်းဆီးရမိသူ (၂၃၄)ဦးရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
 
Credit:မြစ်မခ
 

17 Nov 2016     1,345 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS