ယာဉ်စီးခပိုတောင်တာ မပေးလို့ အသက် ၆၀ အရွယ်ခရီးသည်ကို ထိုးကျိတ်ကန်ချခဲ့တဲ့ ဘီအမ်စပါယ်ယာ
17 Nov 2016 1,401 Views

မြောက်ဒဂုံနှင့် ဆူးလေသို့ ပြေးဆွဲသည့် ဘီအမ်ခရီးသည်တင်ယာဉ်၏ ယာဉ်နောက်လိုက်က ယာဉ်စီးခပိုမိုတောင်းခံ၍ မကျေနပ်ကြောင်း ပြောကြားသည့် အသက် (၆၀)နှစ်အရွယ် ခရီးသည်တစ် ဦးကို ယာဉ်ပေါ်မှ ကန်ချကာ လက်သီးဖြင့်ထိုးနှက်ခဲ့ကြောင်း သတင်းရရှိသည်။
"ခံခဲ့ရတဲ့ခရီးသည်ကအမှုဖွင့် မသွားဘူး။ တရားရုံးနဲ့ ရဲစခန်းမလာချင်လို့ဆိုပြီး လက်မှတ်ထိုးပြီးပဲ ပြန်သွားတယ်”ဟု အနောက် ပိုင်းခရိုင်ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၁ဝ နာရီခန့်တွင် မြောက်ဒဂုံမှ ဆူးလေ သို့သွားသော ဘီအမ်ခရီးသည် တင်ယာဉ်တွင် ရန်ကင်း ၁၂ လုံးတန်း မှတ်တိုင်မှ လိုက်ပါစီးနင်းလာသည့် အသက် (၆ဝ) အရွယ် ခရီး သည် အမျိုးသားတစ်ဦးက တစ်မှတ်တိုင်ခရီးကို ယာဉ်စီးခ ပိုမိုတောင်းခံသောကြောင့် မပေးသဖြင့် ယာဉ်နောက် လိုက်က ၁၂ လုံးတန်းမီးပွိုင့် အရောက်တွင် ကားပေါ်မှကန်ချ ကာ လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးသည်၏ နှုတ်ခမ်းထောင့် အတွင်း၊ အပြင်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး အနီး နားမှဈေးသည်အချို့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကဲ့သို့ပင် ယာဉ် နောက်လိုက်က ခရီးသည်များအ ပေါ် ရမ်းကားသောဖြစ်စဉ်များရှိ နေပြီး မကြာမီက ၁ဝ၇ မီနီဘတ်စ် ယာဉ်လိုင်းကလည်း ဂိတ်ဆုံးမှတ်တိုင် သီရိမင်္ဂလာဈေးဟောင်းသို့ မမောင်းပဲ ဆင်မလိုက်မှတ်တိုင် မှ နောက်ပြန်လှည့်လာခြင်းကို ခရီး သည်တစ်ဦးက ပြောသဖြင့် လက်သီးဖြင့် ထိုးနှက်ခဲ့ရာ ရဲစခန်းသို့ ရောက်ရှိခဲ့ပြီး အဆိုပါယာဉ် နောက်လိုက်က ကျပ်နှစ်သိန်း ပေးလျော်ခဲ့ရသည်။
Credit:7Day
Photo:သရုပ်ဖော်မျှသာ