BEC-TERO TV

သီရိမင်္ဂလာဈေးသစ်ပျံကျဈေးသည်များအား ဂိုဒေါင်ထဲသို့ ပြောင့်ရွေ့နေရာချထား

17 Nov 2016     1,351 Views


သီရိမင်္ဂလာဈေးသစ်နှင့် ဘုရင့်နောင်ကားလမ်းမကြီးဘေးတွင် ရောင်းချနေသော ပျံကျကုန်စိမ်းဈေးသည် ၉၀၀ ကျော်ကို ရန်ကုန်မြို့စည်ပင်သာယာရေးနှင့် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းတွင် သီရိမင်္ဂလာဈေးသစ် ဂိုဒေါင်ရုံအတွင်းသို့ နေရာပြောင်းရွေ့ချထားခဲ့သည်။
 
ပျံကျကုန်စိမ်းဈေးသည် ၉၀၀ ကျော်ကို ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ဖြင့် လုံခြုံရေးယူကာ သီရိမင်္ဂလာဈေးသစ် သစ်သီးပွဲရုံနောက်ဘက်ရှိ ဂိုဒေါင်ရုံအတွင်းသို့ နေရာပြောင်းရွေ့ ချထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိုဒေါင်ရုံသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကုမ္ပဏီက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ငှားရမ်းထားသော နေရာဖြစ်ပြီး၊ လောလောဆယ်တွင် ပျံကျဈေးသည်များအား အကောက်ခွန်မဲ့ တစ်လဈေးရောင်းချခွင့်ပြုမည်ဖြစ်ပြီး၊ ကျော်လွန်သွားပါက ဈေးရောင်းချမည့်သူနှင့် ကုမ္ပဏီတို့ ညှိနှိုင်းပြီး ဆက်လက် လုပ်ဆောင်ရမည်ဟု ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။
 
 
ဂိုဒေါင်အတွင်းသို့ ပြောင်းရွေ့ခံရသော ကုန်စိမ်းဈေးသည်များက နေရာပြောင်းရွေ့ခံရမှုကို ကျေနပ်မှုမရှိပဲ ကန့်ကွက်ပြောဆိုခဲ့ကြသည်။ 
ဒီဂိုဒေါင်ထဲမှာရောင်းရတော့ ကျွန်မတို့ ဘယ်သူ့သွားရောင်းရမှာလဲ။ ဒီအတွင်းထဲမှာလည်း ဘယ်သူမှလာမဝယ်ဘူး။ ရှေ့မှာရောင်းမှ လူဝယ်မှာပေါ့။ ဒီထဲမှာရောင်းရရင်တော့ ဈေးသည်တိုင်း အဆင်ပြေမှာမဟုတ်ဘူး။” ဟု ဂေါ်ဖီပန်းရောင်းချသူ ဒေါ်သက်ခိုင်က ပြောကြားသည်။
 
ဈေးသည်များနေရာပြောင်းရွေ့မှုကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအနေဖြင့်လာရောက် ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း ရဲတပ်ရင်း(၂)မှရဲမှူးကြီးဗညားဦးက ပြောသည်။ ဈေးသည်တစ်ဦးလျှင် ခြောက်ပေပတ်လည် နေရာတစ်နေရာရရှိမည်ဖြစ်ပြီး ပထမဆုံးတစ်လစာအတွက် ရောင်းချခ ပေးရမည်မဟုတ်ကြောင်း ဦးသောင်းတင်က ပြောသည်။
 
Credit:7Day
 

17 Nov 2016     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS