ပရိတ်သတ်တွေရဲ့ ပေါက်ပေါက်ရှာရှာမေးခွန်းတွေကို အတွင်းကျကျ ပြန်ဖြေခဲ့တဲ့ အပြာမင်းသမီး
16 Nov 2016 1,531 Views
အပြာမင်းသမီးတစ်ယောက်ဖြစ်တဲ့ Tori Black ဟာတစ်နာရီကြာအောင် သူမရဲ့ ပရိသတ်မေးသမျှ ပေါက်တီးပေါက်ရှာမေးခွန်းတွေ အားလုံးကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Redditပေါ်မှာ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း ပွင့်ပွင့်လင်းလင်းမေးခဲ့ပြီး သူကလည်း ပွင့်ပွင့်လင်းလင်းကိုဖြေခဲ့ပါတယ်။
Tori ကိုပထမဆုံးမေးတဲ့မေးခွန်းကသူမနဲ့အခြားအပြာမင်းသား၊မင်းသမီးတွေကြားက ဆက်ဆံရေးက ဘယ်လိုရှိပါသလဲဆိုတဲ့ မေးခွန်းပါ။ Toriက “ကျွန်မကတော့ ကိုယ့်ဘာသာနေတတ်ပါတယ်။ သူတို့ကို ဟိုကိစ္စအတွက်ပဲ အသုံးချတယ် လေ၊ သက်သက်နောက်တာပါ။ ကျွန်မတို့က အတူတူခဏခဏ အပြင်ထွက်လေ့မရှိပေမယ့် အရမ်းကိုခင်ကြပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Panda_Buttလို့ခေါ်တဲ့သူကတော့ “ခင်ဗျားအနေနဲ့ အပြာလောကထဲမှာ ကျင်လည်နေတာကြောင့် ခင်ဗျားကို မိသားစုဝင်တွေ၊သူငယ်ချင်းတွေက အဆက်အသွယ်ဖြတ်တာမျိုးရှိလား”လို့မေးခဲ့ပါတယ်။ Toriက သူမဟာ AMA (Ask me anything) ကြိုက်တာမေးဆိုတဲ့ ဒီအမေးအဖြေကဏ္ဍကိုစပြီးတည်းက သူမရဲ့ Inboxထဲကို အချို့ယောက်ျားတွေက ကိုယ်လုံးတီးပုံတွေပို့နေကြောင်း ဝန်ခံခဲ့ပါတယ်။ အချို့ယောက်ျားလေးတွေကျတော့လည်း သူမဆီက လိင်နဲ့ပတ်သက်တဲ့အကြံဥာဏ်တွေလိုချင်လို့ “G-spot ကဘယ်နားမှာလဲဗျ”လို့မေးခဲ့ပါတယ်။
Toriက“အဲ့ဒါကမိန်းကလေးတွေ ယောနိပေါ်မူတည်ပြီးကွဲပြားပါတယ်”လို့ ဖြေခဲ့ပါတယ်။ဖူးတယ်လို့ဖြေခဲ့ပါတယ်။ နောက်တစ်ယောက်ကကျတော့ “Tori မင်းကို ဘယ်အရာက စိတ်လှုပ်ရှားစေသလဲ”လို့ မေးခဲ့ပါတယ်။ “လုံခြုံတယ်လို့ခံစားရတဲ့သူတွေပါ။ အချို့လူတွေက အလိုလျောက် မလုံမခြုံဖြစ်နေတတ်ပါတယ်။ အဲ့ဒါကလုံးဝဆက်စီမဖြစ်ပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
Tayloralmaဆိုတဲ့သူကတော့ “ခင်ဗျားရဲ့ အပြာလောကထဲက အလုပ်က ခင်ဗျားရဲ့ အလုပ်ချိန်ပြင်ပ လိင်မှု ကိစ္စကို အကျိုးသက်ရောက်မှရှိလား”လို့မေးခဲ့ပါတယ်။ “မရှိပါဘူး။ ကျွန်မက ခပ်ကြောင်ကြောင်နိုင်တယ်လေ။ကျွန်မက ကင်မရာရှေ့မှာဖြစ်ဖြစ် ၊ ကင်မရာမရှိတဲ့ ဘဝမှာဖြစ်ဖြစ် အမြဲတမ်း စိတ်ပါလေ့ရှိပါတယ်။”လို့ပြန်ဖြေခဲ့ပါတယ်။
Porn Star ဘဝဟာ သူမပထမဆုံးရွေးချယ်ခဲ့တာမဟုတ်ပဲ Western WAshington Universityမှာ Journalism ပညာရပ်ကို သင်ယူဖူးကြောင်းပြောပြခဲ့ပါတယ်။
Credit:shwemom