အသက် ၄ နှစ်သမီးကို မုဒိန်းကျင့်ခဲ့သူအား ဒေသခံများကိုယ်တိုင် ကြိုးဆွဲချကွပ်မျက်
16 Nov 2016 4,446 Views
အသက်(၄) နှစ်အရွယ် ကလေးငယ်ကို အဓ္ဓမသားမယားပြုကျင့်ခဲ့သူတစ်ဦးကို ဒေသခံများက ဒေါသဖြစ်ကာ ရဲစခန်း အကျဉ်းထောင်ထဲမှ ဆွဲထုတ်ကာ ကြိုးပေး ကွပ်မျက်လိုက်ကြပါတယ်။
ဒေါသထွက်နေသော လူအုတ်ကြီးက တရားခံဖြစ်သူကို ဖမ်းဆီးထားသည့် ရဲစခန်းသို့ ရောက်လာခဲ့ပြီး ကလေးငယ်ကို မုဒိန်းမှုကျူးလွန်ခဲ့သော တရားခံကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ရဲများက မထုတ်ပေးသဖြင့် အချုပ်ခန်းကို အတင်းဝင်ရောက် ချိုးဖျက်ကာ တရားခံကို လမ်းမပေါ်တွင် ကြိုးတုပ်လျှက် တရွတ်တိုက် ဆွဲခေါ်သွားပြီးနောက် သစ်ပင်မှာ ကြိုးချည်ပြီး ကြိုးဆွဲချသေဒဏ် စီရင်ခဲ့ကြသည်။
လွန်ခဲ့သော တစ်ပတ်ခန့်က အဘွားဖြစ်သူ၏ နာရေးသို့ မိဘများနှင့်အတူ ဘိုလီးဗီးယားနိုင်ငံ၊ ရိုင်းစ်ဒေသသို့ ရောက်လာခဲ့သော အသက် ၄ နှစ်အရွယ် ကလေးမလေးသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးနောက် အဆိုပါဒေသ အနီးနားတွင် သေးဆုံးလျှက် ပြန်တွေ့ခဲ့ကြရသည်။ တာဝန်ရှိသူများက ကလေးမလေးမှာ အဓ္ဓမကျင့်ပြီး သတ်ခံခဲ့ရကြောင်း ချက်ခြင်း သတင်းထုတ်ပြန်ခဲ့သည်။
နောက်ထပ် တစ်နာရီခန့် အကြာတွင် သံသယရှိသူဟု ယူဆရသူတစ်ဦးကို ရဲကဖမ်းဆီးခဲ့ပြီး တရားရုံးက မစစ်ဆေးရသေးမီ၊ အထောက်အထားများလည်း ခိုင်လုံမှုမရှိသေးမီ ဒေသခံများက ဖမ်းဆီးထားသူကို ရဲစခန်းမှ အတင်းဆွဲထုတ်ကာ ကိုယ်တိုင်တရားစီရင်ခဲ့ကြခြင်းဖြစ်သည်။