တစ်ကိုယ်တော်အခွေ ပြင်ဆင်နေတဲ့ ရေဗက္ကာဝင်း
15 Nov 2016 1,288 Views
ဂီတသက်တမ်း(၁၂)နှစ်အကြာမှ တစ်ကိုယ်တော်အခွေထွက်ရှိဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ "One In the Million " လို့နာမည်ပေးထားတဲ့သူမရဲ့စီးရီးခွေထဲမှာ သီချင်း(၁၀)ပုဒ်ပါဝင်မယ်လို့ သူမက ဆိုပါတယ်။ သီချင်း ဟောင်းများကို ပြန်ပြင်ကာ ပရိသတ်တွေအတွက်အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပြီး ၂၀၁၇ နှစ်ဆန်းပိုင်းလောက်မှာ ထွက်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
"ဒီအခွေလေးထဲမှာ အရင် စီစဉ်ထားပြီး မထွက်ဖြစ်ခဲ့တဲ့ အ ခွေထဲက သီချင်းတချို့လည်းပါ တယ်။ ပုံစံပြန်ပြောင်း တီးထား တယ်။ အဓိကကတော့ ကိုယ့်ဘ ၀မှာ အမှတ်တရလေးအနေနဲ့ တစ်ကိုယ်တော်အခွေလည်းထုတ် ချင်တာ ကြောင့် ဒီအခွေလေး စီ စဉ်ဖြစ်တာပါ။ ၂၀၁၇ နှစ်ဆန်း ပိုင်းလောက်ထွက်နိုင်အောင် စီ စဉ်နေပါတယ်" လို့ ရေဗက္ကာဝင်း က ဆိုပါတယ်။
"One In the Million " ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့အတူ ဘုရားသီချင်းခွေ၊ ကချင်သီချင်းခွေကိုလည်း ပရိသတ်တွေ အတွက် ဆက်လက်ထွက်ရှိဖို့ ရှိသေးတယ်လို့သိရပါတယ်။
Credit:Duwun