လောက်လေးဂွနှင့် ပစ်ခံရသဖြင့် မျက်စိတစ်ဖက်ဆုံးရှုံးခဲ့ရသူ
15 Nov 2016 1,876 Views

လူငယ်ချင်းစကားများရာမှ လောက်လေးဂွနှင့် ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး မျက်စိထိမှန်ကာ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်း ကျောက်တံခါးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် တစ်ရပ်ကွပ်ထဲနေကြသူ ကျော်ဝင်းထွန်း (၂၈ နှစ်) ဆိုင်ကယ်ပြင်သူ၊ နေဇော်ထွေး (၃၀ နှစ်) ကျဘမ်းလုပ်သူ၊ ကိုဦး (၃၀ နှစ်) ကျဘမ်းလုပ်သူ (၃) ဦးတို့သည် ဆိုင်ကယ်နှစ်စီးအား လမ်းဘေးတွင်ချရပ်ကာ ကွမ်းဝယ်နေစဉ် ကျောက်တံခါးမြို့ ဈေးပိုင်းရပ်ကွက်နေ မောင်ခ (ခ) စောလေးဝါး (၄၁ နှစ်) လယ်လုပ်သူ၊ ရောက်လာကာ လမ်းပိတ်သည်ဟု စွပ်စွဲပြီးနောက် မကြားဝံ့မနာသာ ဆဲဆိုကျိမ်းမောင်းကာ ထွက်သွားခဲ့သည်။

ထို့နောက် ကျော်ဝင်းထွန်း၊ ဇော်ထွေး၊ ကိုဦးတို့ သုံးဦးမှာနေအိမ်သို့ပြန်လာစဉ်မောင်ခ(ခ)စောလေးဝါးမှ ဦးဇော်ဝင်း၏ အိမ်ရှေ့တွင် အသင့်စောင့်ပြီး လေးခွဖြင့်ပစ်ရာ ကျော်ဝင်းထွန်း၏ ဝဲဘက်မျက်လုံးအား လောက်စာလုံးထိမှန်ပြီး လောက်စာလုံး မျက်လုံးအိမ်ထဲဝင်ကာသွေးထွက်ဒဏ်ရာများဖြင့် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ကျော်ဝင်းထွန်း၏ ဝဲဘက်မျက်လုံး၌ ထိမှန်လောက်စာလုံးနှင့် မျက်စိလုံးပါ ခွဲစိတ်ထုတ်ယူခဲ့ရသည့်အတွက် ကျော်ဝင်းထွန်းတွင် ဝဲဘက်မျက်လုံးတစ်လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့မရဲစခန်းမှ အမှု့စစ်ရဲအုပ်သန်းဝင်းမှ စစ်ဆေးဆောင်ရွက်ကာ ညီဖြစ်သူ ကျော်ဝင်းထွန်းအားဆဲဆိုပြီး လေးခွဖြင့်ပစ်၍ ဒဏ်ရာများရရှိအောင် ပြုလုပ်သူ မောင်ခ(ခ)စောလေးဝါးအား အရေးယူပေးပါရန် ဦးဇော်မျိုးထွန်းမှ တိုင်တန်းချက်အရကျောက် တံခါးမြို့မရဲစခန်း(ပ)၃၅၇/၂၀၁၆ရာဇသတ်ကြီးဥပဒေပုဒ်မ၂၉၄/၃၂၅ဖြင့် အမှု့ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Credit:ခင်ကို (ရှုဒေါင့်မီဒီယာ)