BEC-TERO TV

ဂျပန်ဝတ်စုံလေးနဲ့ ဂျပန်မလေး မိုးစက်ဝိုင်

11 Nov 2016     1,807 Views


ဂျပန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင် နိုင်မယ့် နေရာကို ရိုက်ကူးပြသမယ့် kirakira Japan အစီအစဉ်အတွက် ဂျပန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ၉ ရက်နေ့မှာတော့ ဂျပန်ဝတ်စုံလေးနဲ့ အဲဒီအစီအစဉ်အတွက် ရိုက်ကူးနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။

သူမပါဝင်ထားတဲ့ အဲဒီအစီအစဉ်ကိုလည်း မြန်မာနိုင်ငံရဲ့ TV Channel ဖြစ်တဲ့ MWD Documentary Channel မှာ ဒီဇင်ဘာ(၄)ရက်နေ့ကနေ စတင်ပြသသွားမယ်လို့ သိရပါတယ်။ အစီအစဉ်မှာ မိုးစက်ဝိုင်နဲ့အတူ ဂျပန်နိုင်ငံရဲ့ အထင်ကရများကို မြင်တွေ့ရမှာလဲ ဖြစ်ပါတယ်။

Credit:Duwun 


11 Nov 2016     1,807 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment