နာမည်ကျော်လေးဦးရဲ့ ဂန္ထဝင်ညဖျော်ဖြေပွဲ
11 Nov 2016 1,422 Views

၁၉၈၀ နောက်ပိုင်း အောင်မြင်ကျော်ကြားခဲ့သည့် နာမည်ကြီးအဆိုတော်လေးဦး ဖြစ်တဲ့ တူးတူး ၊ ချစ်ကောင်း ၊ ဟေမာနေ၀င်း ၊ ကော်နီ ပူးပေါင်း၍ 80's classic night ဖျော်ဖြေပွဲကို နိုဝင်ဘာ 26 မှာပြုလုပ်မှာ ဖြစ်ပါတယ်။ မြင်နေကြပုံစံလေးနဲ့ မဟုတ်ပဲ အသစ်အဆန်းလေးတွေကိုချပြ သွားမှာ ပါလို့ြေ့ပာထားပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်ထဲက လေးယောက်ပေါင်းပြီး ပွဲလေး ကိုလုပ်ချင်နေခဲ့တာလဲ ဖြစ်ပါတယ်။ ‘‘ဒီပွဲလေးကို ဖြစ်ချင်နေတာ ကြာပါပြီ။ ခါးလေး နည်းနည်း နာနေပေမယ့် ပွဲနေ့မှာ နာနေသေးရင် ဖိနပ်ချွတ်ပြီး ဆိုမယ်” လို့ လဲ အဆိုတော် ကော်နီ က ပြောထားပါတယ်။ ခုလောလော ဆယ်မှာတော့ ပွဲ တွေ အကုန် ဖြတ်ပြီး အနားယူနေပါတယ် ။
၁၉၈၀ ပြည့်နှစ်လောက်က အတူတူ အောင်မြင်လာခဲ့ ကြတဲ့ အဆိုတော် လေးဦး လဲ ဖြစ်တဲ့ အတွက် ဖျော်ဖြေပွဲ သီးသန့် မဟုတ်ပဲ သူငယ်ချင်း ချစ်မေတ္တာ ကို ပြတဲ့ ပွဲ လေးတခုလဲ ဖြစ်ပါတယ် ။
80's classic night ဖျော် ဖြေပွဲလက်မှတ်များကို အထူးတန်းလက်မှတ်တစ်စောင်လျှင် ငါး သောင်းကျပ် သတ်မှတ်ထားပြီး ရိုးရိုးလက်မှတ်များကို သုံးသောင်း ကျပ်၊ နှစ်သောင်းကျပ်နှင့် တစ် သောင်းကျပ် စသည်ဖြင့် သတ် မှတ်ထားကာ မန်းသီရိတေးသံ သွင်း၊ Friendship Restaurant 3တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း လဲ သိရသည်။
Credit:7day