BEC-TERO TV

ရေငုပ်သင်္ဘောပုံစံငယ်လက်ခံရယူမှုနှင့် လေ့လာခဲ့မှုတို့ကြောင့် ရေငုပ်သင်္ဘောဝယ်ယူမှုသတင်း ပိုမိုလှုပ်ခတ်လာ

10 Nov 2016     1,417 Views


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း ရေငုပ်သင်္ဘော ကို သွားရောက်ကြည့်ရှုခဲ့ခြင်းနှင့် တရုတ် အရာရှိက ရေငုပ်သင်္ဘောပုံစံငယ်ကိုလက် ဆောင်ပေးခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ က ရေငုပ်သင်္ဘော ဝယ်ယူတော့မည်ဆို သည့်သတင်းမှာ ပို၍လှုပ်ခတ်မှုဖြစ်လာ နေသည်ကို တွေ့ရသည်။ကွမ်ကျိုးမြို့ရှိ တရုတ်ရေတပ်သင်္ဘော ကျင်းကိုသွားရောက်၍ ရေငုပ်သင်္ဘောများကို ကြည့်ရှုလေ့လာခဲ့ကြောင်း DVB ၏သတင်းဖော်ပြထားပါတယ်။ရေငုပ်သင်္ဘောပုံစံငယ်ကို တပ်ချုပ်လက်ဆောင် ရယူခဲ့သည့်ပိုလည်းတွေ့ရပါတယ်။ရေငုပ်သင်္ဘော ဝယ်ပြီးပြီဆိုရင် ရေငုပ်သင်္ဘောကို မောင်းလာရမယ့်သူတွေကို စေလွှတ်ရပါမယ်။အခုထိကတော့ ဘယ်သူမှမလွှတ်ရသေးပါဘူး။မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာပြင်ဆင်မှုကို သွယ်ဝိုက်၍ ပြသသည့် ပုံစံမျိုးသာဖြစ်နိုင်ပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်က ရေငုပ်သင်္ဘော ပိုင်ဆိုင်ထားချိန်တွင် မြန်မာလည်း ပိုင်ဆိုင်တော့မည်ဟူသော သတင်းမက်ဆေ့ကို ပေးလိုက်ခြင်းဖြစ်နိုင်ပါတယ်။

စစ်လက်နက်ဝယ်ယူသည့်အချိန်တွင် ရောင်ချပေးသည့် နိုင်ငံက အဆိုပါ စစ်လက်နက်၏ ပုံစံငယ်ကို လက်ဆောင်ပေး အပ်သည့်အနေထားမှာ စိတ်ဝင်စား ဖွယ်ရာအဖြစ် ရှုမြင်နေကြခြင်းဖြစ်ပါတယ်။အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း ရေငုပ်သင်္ဘောများ ဝယ်ယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားဖူးသည်။တပ်ချုပ်၏ ၂၀၁၅ ခုနှစ်အတွင်းက သတင်းစာရှင်းလင်းပွဲတွင်လည်း ရေငုပ်သင်္ဘောများကို လာမည့်သုံးနှစ်၊ လေးနှစ်အတွင်း မြင်တွေ့လာရနိုင်သည်ဟု အသိပေးပြောကြားထားဖူးပြီး ယခုတစ်ကြိမ် တရုတ်ခရီး၌သာဝယ်ယူခဲ့ သည်ဆိုပါက ၂၀၁၇ မှသာ မြန်မာ့ရေပြင်သို့ ရောက်လာနိုင်သည့် သဘောမျိုးလည်းဖြစ်ကြောင်း သိရပါတယ်။

Soure : pyimyanmarnews


10 Nov 2016     1,417 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS