သမီးဖြစ်သူ မုဒိမ်းကျင့်ခံရလို့ လာတိုင်တဲ့ ဖခင်ကို ဒဂုံအရှေ့ရဲစခန်းက တရားခံပြန်ဖမ်းခိုင်း
09 Nov 2016 1,355 Views

အသက်လေးနှစ်အရွယ်သမီး မုဒိမ်းပြုကျင့်ခံရမှုကို လာရောက်တိုင်တန်းတဲ့ ဖခင်ဖြစ်သူကို တရားခံဖမ်းဆီးပေးဖို့ ဒဂုံအရှေ့ ရဲစခန်း က ပြန်လည်စေခိုင်းခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က အသက်လေးနှစ်အရွယ် ကလေးငယ် တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် ဖခင်ဖြစ်သူက သက်ဆိုင်ရာရဲစခန်းကို သွားရောက်တိုင်တန်းရာမှာ ရဲစခန်းက တရားခံကို ဖမ်းဆီး ပေးဖို့ ပြန်လည်ခိုင်းစေခဲ့ပြီး တရားခံမိလို့ အကြောင်းကြားရင် လာရောက်ဖမ်းဆီးပေးမယ်လို့ ပြောဆိုခဲ့တာပါ။
အခင်းဖြစ်ပွားတဲ့နေ နိုဝင်ဘာလ ၁ ရက်နေ့မှာပဲ ရဲစခန်းအကြောင်းကြားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်းမှာသာ အမှုဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
Credit : apannpyay