စိတ်ဝေဒနာသည်အမျိုးသမီးအား အမျိုးသားနှစ်ဦးမှ အဓ္ဓမပြုကျင့်
09 Nov 2016 1,364 Views

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဆံတော်ရပ်ကွက် တီကျစ်လမ်းဆုံ လမ်းဘေးတစ်နေရာတွင် စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးအား အမျိုးသားနှစ်ဦးတို့မှ သားမယားအဖြစ် အဓ္ဓမပြုကျင့်နေသည့်အတွက် ဖမ်းဆီးအရေယူမှုများ ပြုလုပ်နေကြောင်း ပြည်မြို့ ရဲစခန်းမှ သတင်းရရှိသည်။
စိတ်ဝေဒနာ ခံစားနေရသူအမျိုးသမီးမှာ ပြည်မြို့တွင်း လမ်းများပေါ်တွင် လှည်လည်သွားလာနေသူတစ်ဦးဖြစ်ပြီး နိုင်ဝင်ဘာလ ၇ ရက်နေ့ ည(၁၂)နာရီအချိန်ခန့်တွင် ပြည်မြို့ နဝင်းရပ်ကွက်မှ ကိုသက်(၂၅)နှစ် နှင့် ကျော်မင်းသူ(၂၉)နှစ်တို့မှ သားမယားအဖြစ် ပြုကျင့်နေသည်ကို ရွှေဆံတော်
ဘုရားပွဲတော်မှ ပြန်လာသော ရပ်ကွက်နေလူငယ်များမှ မြင်တွေ့သွားပြီ ဝိုင်းဝန်းဖမ်းဆီးကာ ပြည်မြို့မ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူ ကိုသက်နှင့် ကျော်မင်းသူ တို့နှစ်ဦးအား (ပ)၂၄၇၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ပြည်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့တွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မုဒိန်းမှု လေးမှုဖြစ်ပွားခဲ့ပြီး ယခုအမှုမှာ နိုဝင်ဘာလအတွင်း ပထမဆုံးဖြစ်ပွားခဲ့သော အမှုဖြစ်ကြောင်း သိရှိရသည်။
Credit:ကိုလေး(ပြည်)