စက်သုံးဆီဈေးနှုန်း ပြန်လည်ကျလာသော်လည်း မတက်မီက ဈေးနှုန်းသို့ မရောက်သေး
08 Nov 2016 1,375 Views

လွန်ခဲ့သော ရက်ပိုင်းများအတွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၁၅ ကျပ်ထိ မြင့်တက်ခဲ့ရာမှ ပြည်ပမှ ဝယ်ယူရသာ စက်သုံးဆီ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောငေ စက်သုံးဆီဈေးကွက်တွင်းမှ သိရှိရသည်။
ပြည်ပတွင် စက်သုံးဆီ တစ်စည်လျှင် အမေရိကန် ၅ ဒေါ်လာခန့် ကျဆင်းလာပြီး ပြည်တွင်း၌ တစ်လီတာလျှင် ၁၀ ကျပ်ခန့်၊ လက်ကား ဈေးနှုန်းတွင် ဒီဇယ် တစ်ပီပါလျှင် ၅ဝဝဝ ကျပ်ခန့်၊ အဆင့်မြင့် ဒီဇယ် တစ်ပီပါလျှင် ၆ဝဝဝ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာ လျှင် ၄ဝ ကျပ်ခန့်ထြိ ပန်လည် ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ပြည်ပ ဆီဈေးနှုန်းပေါ်မူတည်၍ အတက်အကျရှိကြောင်း သိရှိရသည်။ လက်ရှိ စက်သုံးဆီလက်လီ ဈေးနှုန်းများတွင် ဒီဇယ် တစ်လီတာလျှင် ၆၄ဝ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာ လျှင် ၆၆ဝ ကျပ်၊ အောက်တိန်း ၉၂ တစ် လီတာလျှင် ၆၄ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၇ဝဝ ကျပ် ဈေးရှိပြီး လက်ကား ဈေးနှုန်းများမှာ ဒီဇယ် တစ်ပီပါ လျှင် ၁၂၄,ဝဝဝ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်ပီပါလျှင် ၁၃၃,ဝဝဝ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာလျှင် ၅၅ဝ ကျပ်ဈေးရှိကြောင်း သိရသည်။ ဆီဈေးနှုန်းသည် ဘခုလအတွင် ပထမဦးဆုံး ပြန်လည် ကျဆင်းလာနေသော်လည်း ဈေးမတက်မီက နှုန်းထားကိုတော့ ပြန်လည်မရောက်ရှိသေးပါ။
ပြည်ပ စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၈ဝဝ၊ အဆင့်မြင့် ဒီဇယ် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၉၆ဝ၊ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၃၄ဝ နှင့် အောက်တိန်း ၉၅ တစ်စည်တာလျှင် အမေရိကန် ဒေါ်လာ ၅၉ ဒသမ ဝ၄ဝ ဈေးရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
Credit:TheVoice