ဟော့ပေါ့ရည်ပူအိုးနဲ့ စားသုံးသူကို ခေါင်းကလောင်းချခဲ့တဲ့ စာပွဲထိုး
07 Nov 2016 1,433 Views
တရုပ်နိုင်ငံရှိ ဟောပေါ့ဆိုင်တစ်ခုက စားပွဲထိုးဖြစ်သူက လာရောက်စားသုံးသူ အမျိုးသမီးတစ်ဦးကို ဟော့ပေါ့အရည်ပူတွေနဲ့ လောင်းချခဲ့တာကြောင့် ဟော့ပေါ့ဆိုင်က လျော်ကြေးငွေပေးဖို့ တရုပ်ပြည်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
“လင်း” ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့မိခင်နှင့် ၇ နှစ်အရွယ်သမီးနဲ့အတူ ဟော့ပေါ့ဆိုင်တစ်ခုမှာ လာရောက်စားသောက်ခဲ့ပါတယ်။ အဆိုပါဆိုင်မှာ ဟောပေါ့အိုးအရည်နဲ့ ပက်သက်ပြီး စားပွဲထိုးဖြစ်သူး “ဇူ” နဲ့ အကြီးအကျယ်စကားများခဲ့ပြီး အဆိုပါ ဟော့ပေါ့ဆိုင်၏ ဝန်ဆောင်မှု ညံ့ဖျင်းမှုအကြောင်းကို တရုပ်လူမှုကွန်ယက်ပေါ်မှာ ချက်ခြင်းရေးတင်ခဲ့ပါတယ်။ ဒါကို စာပွဲထိုး “ဇူ” က စိတ်ဆိုးမန်ဆိုးနဲ့ ပြန်ဖျက်ဖို့ ပြောတာကို သူမက မဖျက်ပဲ ဆက်ရေးတင်ခဲ့ပါတယ်။
အဲဒါကြောင့် “ဇူ” ဟာ မီးဖိုဆောင်ထဲက ဟော့ပေါ့ရည်အပူတွေ သွားယူလာခဲ့ပြီး “လင်း” ရဲ့ ခေါင်းပေါ်ကနေ လောင်းချခဲ့ပါတယ်၊ ဒီလောက်နဲ့မရပ်သေးပဲ ခုံပေါ်က ဆွဲချကာ ဒေါသတကြီး ကန်ကျောက်ထိုးကြိတ်ခဲ့ပါတယ်။
“ဇူ”ဟာ အသက် ၁၇ နှစ်မပြည့်သေးတဲ့အတွက် တရားရုံးက သက်ညှာသောအားဖြင့် ထောင်ဒဏ် ၂၂ လ ကျခံရန် အမိန့်ချမှတ်ခဲ့ပါတယ်။ ကျုးလွန်ခံရသူ “လင်း” က သူရဲ့ ခန္ဓာကိုယ်မှာ ၄၂ ရာခိုင်နှုန်းလောက် အပူလောင်ကျွမ်းခဲ့တာကြောင့် လျော်ကြေးငွေ ယွမ် ၅၇၇,၅၀၀ (ကျပ်ငွေ ၁၀၉,၁၅၈,၈၅၄) တောင်းခံခဲ့ပါတယ်။ သို့သော် ဟော့ပေါ့ဆိုင်က သူမရဲ့ ဆေးကုသစရိတ်တွေကိုလည်း ကျခံခဲ့တာကြောင့် ယွမ် ၂၃၇,၀၀၀ (ကျပ်ငွေ ၄၄,၈၀၂,၄၈၆) သာပေးလျော်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။