ရွှေပြည်သာစက်မှုဇုန်အတွင်း မီးလောင်ကျွမ်းမှုကို အချိန်တိုတွင်း ထိန်းသိမ်းနိုင်ခဲ့
07 Nov 2016 1,325 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အတွင်းရှိ အာရှသမာဓိ စက်ရုံ၌ နိုဝင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီခန့်အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ထိခုက်ဒဏ်ရာရသူ၊ မီးခိုးမွှန်သူနှင့် အောက်ဆီဂျင် ပြတ်လပ်သူ စုစုပေါင်း ၁၀ ဦးခန့် ရှိခဲ့ပြီး ကြက်ခြေနီအဖွဲ့ဝင် ၇၆ ဦး၊ လူနာတင်ယာဉ် ၁၅ စီးတို့ဖြင့် ကူညီကယ်ဆယ်ခဲ့ပြီး လူနာနှစ်ဦးကို ရွှေပြည်သာဆေးရုံသို့ တင်ပို့နိုင်ခဲ့ကြောင်း မြစ်မခမီဒီယာမှ ကနဦးသတင်းများရရှိခဲ့သည်။