တောင်ကြီးမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ မီးပုံပျံပြိုင်ပွဲ စည်းကားစွာကျင်းပ
07 Nov 2016 1,542 Views

တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မီးပုံပျံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ၂၀၁၆ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ စာသားအား မီးအလှဖြင့် သရုပ်ဖော်ပြသခြင်း၊ ဝါစိမ်းနီ ရှမ်းအလံအား သရုပ်ဖော်ခြင်းနှင့် မီးရှုးမီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံငယ်အလုံးရေ ၁၅၀၀ ကျော်အား တစ်ပြိုင်တည်းလွှတ်တင်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ ကွင်းလုံးပြည့်လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအား နိုဝင်ဘာ ၆ ရက်မှ ၁၅ရက်အထိ ဆယ်ရက်တိုင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်မီးပုံးပျံ အမျိုးအစားများဖြစ်သည့် နေ့လွှတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန် အစရှိသည့် မီးပုံးပျံအလုံးရေ ၄၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီမှ သတင်းရရှိသည်။
Credit:7dayNews
Photo: ဂျွန်ချစ်ငြိမ်း