ကွန်မြူနစ်ပါတီအတွင်း ဂိုဏ်းကဏ္ဍဖွဲ့မှုရှိနေဟု တရုတ်သမ္မတပြော
04 Nov 2016 1,315 Views
အဂတိလိုက်စားမှုနဲ့ ရွေးကောက်ပွဲမသမာမှုတွေဟာ နိုင်ငံရဲ့အုပ်ချုပ်ရေးကို လျော့တိလျော့ရဲ ဖြစ်နေတဲ့အပြင် အာဏာရပါတီတွင်းမှာလည်း အကြီးပိုင်းအရာရှိတွေဟာ လျှို့ဝှက်ပူးပေါင်း ကြံစည်တာတွေ၊ ဂိုဏ်းဖွဲ့တွေရှိနေပြီး ကိုယ်ကျိုးရှာတာတွေ လုပ်နေတာကြောင့် ပါတီခေါင်းဆောင်ပိုင်း အပေါ် ပါတီသဘောထားအတိုင်း တင်းကြပ်ဖို့လိုပြီလို့ တရုတ်သမ္မတ ရှီကျင့်ပင် ကပြောလိုက်ပါတယ်။