ဘင်္ဂါလီအမျိုးသမီးများကို မုဒိမ်းကျင့်သည်ဟု စွပ်စွဲမှုများ မောင်တောတွင် မတွေ့ရှိရဟု နိုင်ငံတကာ သံတမန်အဖွဲ့ ပြောကြား
04 Nov 2016 1,367 Views

ရခိုင်ပြည်နယ် မောင်တောဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော တပ်မတော်နှင့် ရဲတပ်ဖွဲ့များက ဘင်္ဂါလီအမျိုးသမီးများကို မုဒိမ်းကျင့်သည်ဟု စွပ်စွဲ ပြောဆိုမှု မတွေ့ရှိခဲ့ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံတမန်များက ပြောကြားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata နှင့် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် မောင်တောဒေသ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နေရာများကို နှစ်ရက်တာ ခရီးစဉ်အဖြစ် လေ့လာပြီးနောက် ရန်ကုန်မြို့သို့အပြန် စစ်တွေ လေဆိပ်ခန်းမဆောင်တွင် နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ ပြောကြားသည်။
ကုလသမဂ္ဂကဌာနေ ညှိနှိုင်းရေးမှူးဖြစ် သူ Ms. Renata က -
ကျွန်မတို့အဖွဲ့ အနေနဲ့ သွားချင်တဲ့ နေရာတွေကို လွတ်လပ်စွာ သွားလာခွင့် ရရှိခဲ့ပါတယ်၊ ရွာသားတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်၊ အဓမ္မမုဒိမ်း ကျင့်ခံရပါတယ်လို့ ပြောဆိုတဲ့သူ မရှိပါဘူး၊ ရွာသားတွေ အများစုကတော့ စိုးရိမ်ပူပန်မှုတွေတော့ ရှိနေကြပါတယ်
ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုသွားရောက်သည့် ခရီးစဉ်သည် အစိုးရ ခွင့်ပြုသည့် နေရာများကို သွားလာခဲ့ခြင်း မဟုတ်ဘဲ မိမိတို့ တောင်းဆိုထားသည့် နေရာများ၊ တွေ့ဆုံမည့်သူများရှိရာကိုသာ သွားလာခဲ့ခြင်းဖြစ်ပြီး အစိုးရအနေနှင့် ကန့်သတ် ပိတ်ပင်ခြင်းမျိုး မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီက ဆိုသည်။
Credit:TheVoice