ရေယာဉ်နစ်မြုတ်ရာတွင် စွမးစွမ်းတမံပါဝင်ရွက်ဆောင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ရာထူးတိုးချီးမြှင့်
03 Nov 2016 1,858 Views

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း အောက်တိုဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက် နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်(၂) အမြန်ရေယာဉ် နစ်မြုပ်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်(၄)ဦးအား တဆင့်မြင့် ရာထူးတံဆိပ် ချီးမြင့်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရာထူးတစ်ဆင့်မြင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်တို့က မီးသတ် တပ်ဖွဲ့ဝင်(၄)ဦး ဖြစ်ကြသော မုံရွာမြို့နယ် မုံရွေးနယ်မြေမီးသတ်စခန်းမှ တပ်သား မြနိုင်၊ မုံရွာမြို့နယ် အလုံနယ်မြေ မီးသတ်စခန်းမှ တပ်သား တင့်လွင်ဦး၊ မုံရွာမြို့နယ် မီးသတ်စခန်းမှ တပ်သားဇော်ဌေးနှင့် တပ်သားဇော်လင်းမောင်တို့ တစ်ဆင့်မြှင့် ရာထူးတံဆိပ်များ ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။
Ref:ဖိုးချမ်း(မုံရွာ-ပြန်/ဆက်)