ယာဉ်မောင်းသူအိပ်ငိုက်သွား၍ လမ်းဘေးတံတားကို ဝင်တိုက်ကာ ၆ ဦး ဒဏ်ရာပြင်းထန်စွာရ
01 Nov 2016 1,447 Views

နိုဝင်ဘာလ (၁)ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ကဒုံးစီးရပ်ကွက် အနီးကားလမ်းမပေါ်၌ စူဇကီးဟိုက်ဂျက်အမျိုးအစား 9F/------- ကားတစ်စီးသည် ယာဉ်မောင်းသူ အိပ်ငိုက်သွားသဖြင့် တံတားအမှတ် ၁/၁၇၅ တံတားဘောင်နဲ့ ဝင်တိုက်မိကာ ကားပေါ်ပါလာသူ မိသားစု ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဒဏ်ရာပြင်းထန်သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ဆက်လက်တင်ပို့ခဲ့ရကြောင်း ကနဦးသတင်းများ သိရှိရသည်။

Credit:News Watch