နေဝန်းသစ် အလှမယ်ရွေးချယ်ပွဲကို လိင်တူချစ်သူများအဖွဲ့က မန္တလေးတွင်ကျင်းပ
31 Oct 2016 1,353 Views

မန္တလေးမြို့ ဟိုတယ်မာဘယ်တွင် လိင်တူချစ်သူများအဖွဲ့က နေဝန်းသစ်အလှမယ် ရွေးချယ်ပွဲနင့် HIV/AIDS ပညာပေးပွဲနင့်အတူ ရံပုံငွေပွဲကို အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

"လိင်တူချစ်သူများကို ခွဲခြားနှိမ်ချမှုတွေလျော့နည်းသွားဖို့။ ကျန်းမာပျော်ရွှင်တဲ့ဘဝတွေနဲ့အတူ အလုပ်အကိုင်ရှိဖို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်တာပါ။"ဟု နေဝန်းသစ်မှ ကိုမော်ကြီးက အဆိုပါပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြသည်။
သူတို့အဖွဲ့သည် HIV/AIDS များအတွက် ART ဆေးရှိရေး အသိပညာပေးရေးတို့ကို ကျန်းမာရေးဌာနနင့် ပူးပေါင်းလုပ်ဆောင် နေကြောင်းလည်းသိရသည်။

"HIV/AIDS က မဆင်ခြင်တဲ့လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် လိင်တူချစ်သူတွေကြားမှာ ပိုမိုဖြစ်ပွားမှုရှိနေတယ်။ ဒါကြောင့် သူတို့ကြားမှာ အသိပညာပေးဖို့ ပိုအိုလုပ်ဆောင်ရမှာပါ" ဟု တက်ရောက်လာသူ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ကာလသားနင့်HIV/AIDS ကာကွယ်တားဆီးရေးမှ ဒေါက်တာ သန်းဝင်းက ပြောသည်။ အဆိုပါပွဲတွင် ဖျော်ဖြေရေးများအပြင် နေဝန်းသစ်အလှမယ်ကိုလည်း ရွေးချယ်ခဲ့သည်။
Credit:NewsWatch