BEC-TERO TV

ထိုင်းနိုင်ငံတွင် ခင်ပွန်းကို သေနတ်နှင့်ထောက်ပြီး ဇနီးဖြစ်သူအား အဓ္ဓမပြုကျင့်ခဲ့ရသည့် မြန်မာဇနီးမောင်နှံ

31 Oct 2016     1,428 Views


ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့ရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာဇနီးမောင်နှံကို ထိုင်းစကားပြောဆိုသည့် လူနှစ်ဦးက မြန်မာအမျိုးသားဖြစ်သူအား သေနတ်ဖြင့် ချိန် ပြီး အမျိုးသမီးဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
အောက်တိုဘာ ၂၇ ရက် ည ပိုင်းတွင် ရော်ဘာခြံအတွင်း ရော်ဘာခြစ်နေသော မြန်မာဇနီးမောင်နှံနှစ်ဦးထံသို့ ထိုင်းစကားပြောဆိုသည့် လူနှစ်ဦးရောက်လာပြီး အမျိုးသားဖြစ်သူအား ရိုက်နှက်ကာ သေနတ်ဖြင့် ချိန်ပြီး အမျိုးသမီး ဖြစ်သူအား အဓမ္မပြုကျင့်သွားသဖြင့် ဟတ်ရိုင်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
 
‘‘ကျွန်တော်တို့ဆီကို လာပြီး အကူအညီ တောင်းတာပေါ့။ အမျိုးသားကို ရိုက်နှက်တာတွေ လုပ်တယ်။ အမျိုးသားရဲ့ ပြောပ်ချက်အရဆို သူ့အမျိုးသမီးက သူ့ နာမည်ခေါ်ပြီး  အကူအညီတောင်းနေတာ။ သူနဲ့ နီးနီးလေးဆိုတော့ ကြားရတယ်ပေါ့။ သူ့ကိုလည်း သေနတ်နဲ့ချိန်ထားတော့ ဘာမှလုပ်မရဘူးပြောတယ်။ နောက်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကလေးသုံးယောက်ရဲ့မျက်နှာကို ပေါ်လာလို့ မာန်လျှော့လိုက်ရတာလို့ ပြောတယ်’’ဟု ဦးထူးချစ်က ပြော သည်။
 
ထိုင်းစကားပြောဆိုသော လူနှစ်ဦးသည် ရော်ဘာခြံအတွင်း ကျန်ရှိသော မြန်မာဇနီးမောင်နှံ နေထိုင်သည့် အခန်းတစ်ခန်းသို့ ဝင်ရောက်ပြီး အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သေးပြီး အမျိုးသားဖြစ်သူက ထိုင်းစကားပြော၍ တောင်းပန်သောကြောင့် ပြန်ထွက်သွားသည်ဟု ဦးထူးချစ်က ပြောသည်။
 
‘ဆေးရုံကိုလည်း ဆေးစစ် ချက်ယူပြီး ဆေးစာတွေ တောင်း ထားတယ်။ နှိပ်စက်ခံရမှုအတွက် ရော ဆေးစာတွေ တောင်းထား တယ်။ မြန်မာသံရုံးက အလုပ်သ မားသံအရာရှိ ဦးမိုးအောင်ခိုင်ဆီ လည်း အကျိုးအကြောင်းပြောပြ ထားတော့ သူလည်း စာရွက်စာ တန်းတွေအတွက် ကူညီပေးမယ် ပြောလာပါတယ်’’ဟု ဦးထူးချစ် က ပြောသည်။
 
Credit:7Day

31 Oct 2016     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS