BEC-TERO TV

မ.ထ.သ (၃၄)ယာဉ်လိုင်းမှ ဝန်ထမ်းကြိုပို့ယာဉ်အား မင်းမဲ့စရိုက်ဆန်သော ရိုက်နှက်မှု သာကေတတွင် ဖြစ်ပွား

31 Oct 2016     1,544 Views


အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အထည်ချုပ်စက်ရုံဝန်ထမ်း ကြို/ပို့ (လိုက်ထရပ်အမျိုးအစား) ယာဉ်မောင်းကို မ.ထ.သ ယာဉ်လိုင်း အမှတ်(၃၄) မီနီဘတ်စ် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု သာကေတမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုဇော်ဝင်းနိုင် မောင်းနှင်လာသော အထည်ချုပ်စက်ရုံဝန်ထမ်း ကြိုပို့ယာဉ်ကို အ.ထ.က (၂) ကျောင်းအနီးတွင် အနောက်မှကပ်ပါလာသော (၃၄) လိုင်းကားက ကျော်တက်ရန် လမ်းတောင်ရာ လမ်းမလွတ်သဖြင့် မဖယ်ပေးခဲ့ပဲ ဆက်လက်မောင်းနှင်ခဲ့သည်။ သစ်ဆိုင်ကွေ့အနီးသို့ အရောက်တွင် (၃၄) ယာဉ်လိုင်းမှ ကျော်တက်ကာ ရှေ့မှပိတ်ရပ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂) ဦးတို့ ခဲများ၊ တုတ်များကိုင်ဆောင်လာပြီး ဆဲဆိုပစ်ခတ်ခဲ့သည်၊ ကြိုပို့ယာဉ်နောက်ခန်းတွင် ပါလာသော မိနးကလေးများက ဝိုင်းဝန်းတားမြစ်ခဲ့သော်လည်း ယာဉ်မောင်း ကိုဇော်ဝင်းနိုင်ကို ထိုးကျိတ်ပြီးမှ ၎င်းတို့ယာဉ်ပေါ်သို့ ပြန်တက်ကာ မောင်းနှင်ထွက်ခွာခဲ့ကြသည်။ 
ခိုင်ရွှေဝါလမ်းမပေါ်သို့အရောက်တွင်  (၃၄) ခရီးသည်တင်ယာဉ်မှာ အရှေ့မှရပ်နေသဖြင့် ကြို့ပို့ယာဉ်လည်း နောက်မှလိုက်ရပ်နေစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တုတ်ကိုင်၍ ထပ်မံလာရောက်ကာ ယာဉ်၏ နောက်ကြည့်မှန်နှင့် ရှေ့အကာတို့အား ရိုက်နှက်ကန်ကျောက်ခဲ့ကြသည်။ 
 
မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်ကြသဖြင့် ကိုဇော်ဝင်းနိုင်တွင် ဖူးရောင်နာကျင်ဒဏ်ရာများ
ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ အလုပ်သမားအမျိုးသမီး (၃)ဦးတွင်လည်း နာကျင်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ယာဉ်မှာလည်းတန်ဖိုးငွေကျပ် (၁၅၀၀၀၀)ခန့် ပျက်စီးခဲ့ကြောင်း တိုင်တန်းခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများကို သာကေတနယ်မြေရဲစခန်းက လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ (၃၄)ခရီးသည်တင်ယာဉ်မောင်းဖြစ်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဇော်မျိုးအောင်(၂၇)နှစ်၊ ယာဉ်နောက်လိုက်များဖြစ်သော သာကေတမြို့နယ်နေ ထွန်းဝေရန် (၂၂)နှစ်နှင့် မင်းမျိုးထက်(၂၂)နှစ်တို့ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းကာ အများသူငှာသွားလာနေသောလမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍ တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် (ပ)၁၁၇၆/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်း အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Credit:YangonPolice

31 Oct 2016     1,544 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS