BEC-TERO TV

ရန်ကုန်တွင် ဒီဇင်ဘာလ ညဈေးတန်းဖွင့်လှစ်နိုင်ရန် စီစဉ်နေ

28 Oct 2016     1,546 Views


-ရန်ကုန်မြို့မှာ ညဈေးတန်းကို ဒီနှစ်ကုန်ပိုင်း လာမယ့် ဒီဇင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ အနောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးရေးမှူးက ပြောပါတယ်။

-ဒီညဈေးတန်းကို ကမ်းနားလမ်းတလျှောက်မှာရှိတဲ့ အောင်ရတနာလမ်းကနေ ပန်းဆိုးတန်းအထိ ဆိုင်တွေကို ထားရှိမှာဖြစ်ပြီး လသာ၊ လမ်းမတော်၊ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေက လမ်းမတွေမှာ ရောင်းချတဲ့ အစားအသောက်ဆိုင်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေကို ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

-အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုးက “ဒီဇင်ဘာပတ်ဝန်းကျင်လောက်တော့ ဖြစ်မယ်လို့တော့ အကြမ်းဖျင်း လျာထားတာ ရှိပါတယ်။ နေရာအတည်တကျ မရှိတဲ့ အခြေအနေကနေ နေရာလေး အတည်တကျဖြစ်အောင် လုပ်ပေးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင် ဒါကို စည်းကမ်း လိုက်နာဖို့ပဲ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

-ညဈေးတန်း ဖွင့်လှစ်ဖို့ နေရာသတ်မှတ်ပေးထားပြီး ဈေးသည်တွေအနေနဲ့ လက်ရှိနေရာမှာ ဆက်လက်ရောင်းချမယ်ဆိုရင် စည်ပင်သာယာဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဈေးရောင်းချသူတွေနဲ့ ညဈေးတန်းကို ပြောင်းရွှေ့မယ့်နေရာကို ဈေးဝယ်သူတွေက လိုက်မဝယ်မှာကို စိုးရိမ်နေကြပါတယ်။ညဈေးတန်းကို အောက်တိုဘာလလောက်ကတည်းက သန့်စင်ခန်းတွေ၊ ရေပိုက်တပ်ဆင်တာတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စာရင်းကောက်ခံထားတဲ့ ဆိုင်ခန်းပေါင်း ၅ ထောင်ကျော် ရှိနေပြီး ရောင်းချတဲ့ဆိုင်တွေအနေနဲ့ ဆိုင်ခန်းစရိတ်၊ လျှပ်စစ်မီး သုံးစွဲစရိတ်၊ ရေဖိုးရေခနဲ့ သန့်ရှင်းရေးခွန်တို့ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီကနေ ည ၁၂ နာရီအထိ ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်။

Soure : burmese.dvb.no/


28 Oct 2016     1,546 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS