BEC-TERO TV

တောင်ကြီးမီးပုံပျံပွဲတွင် လွှတ်တင်ပျံသန်းမည့် မောင်းသူမဲ့ ဒရုန်းယာဉ်များ မှတ်ပုံတင်ရမည်

28 Oct 2016     1,981 Views


နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံလွှတ်ပွဲတော်တွင် မောင်းသူမဲ့ယာဉ်(ဒရုန်း) နှင့် ဓါတ်ပုံရိုက်ကူးရန် လွှတ်တင်မည်ဆိုပါက ပျံသန်းခွင့်ကို မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
 အပျော်တန်း၊ ဓါတ်ပုံဗီဒီယိုရိုက်ကူးခြင်း စသည် မည်သည့်ရည်ရွယ်ချက်နှင့်မဆို မီးပုံပျံပွဲ၌ ဒရုန်းလွှတ်တင်မည်ဆိုပါ ပျံသန်းခွင့်ကို တောင်ကြီးတန်ဆောင်တိုင် လုံခြုံရေး ဆပ်ကော်မတီထံတွင် ဒရုန်းယာဉ်နှင့်တစ်ကွ မောင်းနှင်ထိန်းချုပ်မည့်သူကိုပါ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးမှာ အခမဲ့ဖြစ်ကြောင်းသိရှိရသည်။
သတ်မှတ်ထားသော အာရုံခံ စနစ်ကောင်းမွန်သည့် Plantom 4 အမျိုးအစား ဒရုန်းယာဉ်များကိုသာ မှတ်ပုံတင်ပျံသန်းခွင့်ပြုမည်ဖြစ်သည်။ မှတ်ပုံတင်ခြင်းမရှိပဲ ပျံသန်းသော ဒရုန်းယာဉ်များကို ဖျက်ချသည့်စနစ်နှင့် ထိန်းချုပ်ဆောင်ရွက်မည်ဖြစ်ပြီး ပစ္စည်းသိမ်းဆည်းခြင်းနှင့် ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်သည်။
 
ဒရုန်းယာဉ်လွှတ်တင်ရာတွင် မီးပုံးပျံ လွှတ်တင်သည့် ဧရိယာအပြင်ဘက် မီတာ ၁၀၀ အကွာအဝေးမှသာ လွှတ်တင်ခွင့် ပြုမည်ဖြစ်ပြီး သတ်မှတ်ထားသော အကွာအဝေးထက်ကျော်လွန်၍ နီးကပ်စွာ ပျံသန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါက ဆုံးရှုံးမှုအတွက် ကာလတန်ဖိုး၏ ၃ ဆ ကို ပေးလျော်ရမှာဖြစ်ပါတယ်။
 
တောင်ကြီးတန်ဆောင်တိုင်  မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက် မှ ၁၅ ရက်အထိ ဆယ်ရက်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်၊ ည လွှတ် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးပေါင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
 
Ref:7DayDaily
 

28 Oct 2016     1,981 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS