BEC-TERO TV

၁၃ နှစ်သမီးကို ဘုန်းကြီးကျောင်းဝင်းအတွင်း အဓ္ဓမသားမယားပြုကျင့်

27 Oct 2016     2,264 Views


ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘုန်းကြီးကျောင်းဝင်းအတွင်း ရေလာခပ်သည့် အသက်မပြည့်သေးသူ မိန်းကလေးတစ်ဦး အဓ္ဓမသားမယားပြုကျင့်ခံရမှုတစ်ခု အောက်တိုဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက်အတွင်းရှိ လမ်းများတွင် ရေလိုက်လံရောင်းချသူ အသက် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကမ္ဘာအေးဘုရားလမ်းရှိ ဘုန်းကြီးကျောင်း ရေတွင်းသို့ ရေသွားခပ်ပြီးနောက် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အိမ်သာသို့ အပေါ့သွားစဉ် ထိုဘုန်းကြီးကျောင်းတွင် လာရောက်နေထိုင်သူ အသက်(၄၀)နှစ် သစ်စက်လုပ် သား ဇော်ထွန်းမှ ကျောင်းအောက်ထပ်သို့ ဆွဲခေါ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။ 
မိန်းကလေးမှ အိမ်ပြန်ရောက်ပြီး မိခင်ဖြစ်သူအား ပြောပြခဲ့သဖြင့် သမီးဖြစ်သူအား ဘုန်းကြီးကျောင်းဝင်းအတွင်း အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သူ ဇော်ထွန်းအား အရေး ယူပေးပါရန် မိခင်ဖြစ်သူမှ ပုသိမ်နယ်မြေရဲစခန်းတွင် တရားလိုပြုတိုင်ကြားခဲ့သည်။
 
သစ်စက်လုပ်သား ဇော်ထွန်းသည် အရက်သောက်လွန်း၍ အိမ်ပေါ်မှ နှင်ချခံထားရသူတစ်ဦးဖြစ်ပြီး ဘုန်းကြီးကျောင်း၌ ခတ္တလာရောက် ခိုကပ်နေထိုင်စဉ်တွင် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရပ်ကွက်ထဲနေထိုင်သူ ဒေါ်သန်းမြင့်က ပြောဆိုခဲ့သည်။
 
ပြစ်မှုကျူးလွန်သူ ဇော်ထွန်း အသက် (၄၀) နှစ်ကို ပုသိမ်နယ်မြေရဲစခန်းမှ (ပ)၃၈၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေး လျှက်ရှိကြောင်း သိရသည်။
 
Ref:မြစ်မခမီဒီယာ
 

27 Oct 2016     2,264 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS