BEC-TERO TV

နေ့ခင်းကြောင်တောင် လွှတ်တော်အမတ်အိမ် ဝင်ခိုးတဲ့ သူခိုး

25 Oct 2016     1,347 Views


အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ နေအိမ်တွင်းသို့ ဝင်ရောက်ခိုးယူမှုတစ်ခုဖြစ်ပွားခဲ့သည်။
 
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းသည် ရပ်ကွပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး အိမ်တွင် မရှိသည့်အချိန်တွင် သူနေထိုင်ရာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၄ ရပ်ကွက်၊ မြနန္ဒာ ၃ လမ်း၊ တိုက် ၁၂၀၊ အခန်း ၀၀၄ သို့ အသားဖြူဖြူ ပိန်ပိန်ပါးပါး ရင်ဘတ်တွင် ဆေးမှင်ကြောင်ရှိသူတစ်ဦးမှ အိမ်အတွင်းသို့ ဝင်ရောက်ခိုးယူရာ ဦးကျော်ကျော်ထွန်း၏ ဖခင်ဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ် အကူညီတောင်းခဲ့သည့်အတွက် နီးစပ်ရာ ဖုန်းတစ်လုံးကိုခိုးယူကာ သီရိမြိုင်ဘူတာဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
 
 
သူခိုး အိမ်အတွင်းသို့ ဝင်ရောက်ချိန်တွင် ဦးကျော်ကျော်ထွန်း၏ ဖခင်ဖြစ်သူ အသက် ၈၂ နှစ်အရွယ်နှင့် သားဖြစ်သူ ၁၄ နှစ်အရွယ်တို့သာ အိမ်တွင်ရှိနေခဲ့ပြီး အဆိုပါ သူခိုးမှာ ဓါးလည်းပါရှိပြီး၊ လူတွေကို အန္တရာယ်မပြုသွားသည့်အတွက် တော်သေးကြောင်းနှင့် ယခုလိုအဖြစ်အပျက်များ ဖြစ်နေရခြင်းသည် တရားဥပဒေစိုးမိုးမှု လျော့နည်းရသည့်အတွက်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း လွတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ထောက်ပြပြောကြားခဲ့သည်။
 
Ref:NewsWatch
 

25 Oct 2016     1,347 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS