BEC-TERO TV

မုန်တိုင်းအခြေနေအေးသွားသော်လည်း နောက်ထပ်လာမည့်မုန်တိုင်းများအတွက် ပြင်ဆင်ထားရန်လိုကြောင်း ဦးထွန်းလွင် သတိပေး

24 Oct 2016     1,396 Views


ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော မုန်းတိုင်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် အနောက်ဖက်သို့ ပြန်ကွေ့ပြီး အိန္ဒိနိုင်ငံသို့ ဦးတည်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးပြောကြားလိုက်ပါတယ်။
 
 
နောက်ထပ် ၃ရက် ၄ရက်လောက်ထိ မုန်းတိုင်း အန္တရာယ်ကင်းလွတ်သော်လည်း ၂၀၁၆ ခုနှစ်ကုန်အထိ ဘင်္ဂလားပင်လယ်အောင်အတွင်း မုန်တိုင်း ၃ ကြိမ်မှ ၅ ကြိမ်ထိ ဖြစ်ပေါ်နိုင်တဲ့အတွက် နောက်ထပ် ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းအတွက်လည်း ပြင်ဆင်ထားဖို့လိုအပ်ကြောင်း အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခန့်က လူမှုကွတ်ယက်စာမျက်နှာပေါ်မှ အသိပေးပြောကြားခဲ့ပါတယ်။
 
 
 

 


24 Oct 2016     1,396 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS