BEC-TERO TV

မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ လူသတ်မှုတရားခံအား အမိန့်ချ

19 Oct 2016     1,379 Views


၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင်းက အင်းစိန်မြို့ နယ်နှင့် မရမ်းကုန်းမြို့နယ်ကြား လေကြောင်းရန်ကာကွယ်ရေး တပ် ခြံစည်းရိုးအနီး လာရောက်စွန့်ပစ်ခဲ့သော အမျိုးသမီးအလောင်းတလောင်းနှင့် ပက်သက်၍ ပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်ခံထားရသည့် လူသတ်တရားခံ သူထက်နိုင်(ခ)သူရအောင်အား  ပြစ်မှုကြီး အမှတ် ၄၀/၁၆ ဖြင့် မြောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး (၄)က တာဝန်ယူ စစ်ဆေးခဲ့ပြီး တရားလိုပြသက် သေ ၁၂ ဦးစစ်ဆေးကာ အောက် တိုဘာ ၁၈ ရက်တွင် စွဲချက်တင် အမိန့်ချခဲ့ကြောင်း မြောက်ပိုင်း ခရိုင်တရားရုံးမှ သိရှိရသည်။
 
၂၀၁၅ ခုနှစ် သြဂုတ်လတွင် လူသတ်မှုကျူးလွန်သူ သူထက်နိုင် နှင့် သေဆုံးသူ မမြတ်သင်းကြူတို့ နှစ်ဦး လူမှု့ကွန်ယက် ဖေ့စ်ဘုတ်မှတစ်တင့် ချစ်သူရည်းစားဖြစ်ခဲ့ကြပြီး ပြင်ပတွင် ချန်းဆိုတွေ့မှု ၁၀ ကြိမ်ခန့်ရှိခဲ့သည်။ သူထက်နိုင်သည် ဖေ့စ်ဘုတ်တွင် အခြားအမျိုးသမီးတစ်ဦးနှင့် ပက်သက်မှုကို တွေ့ခဲ့ရာမှ မမြတ်သင်းကြူမှ လပ်ထပ်ရန်တောင်းဆိုခဲ့သည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်တွင် သူထက်နိုင်က လက်ဆောင်များယူလာသည်ဟု အကြောင်းပြကာ မမြတ်သင်းကြူကို အပြင်သို့ခေါ်ထုတ်ခဲ့သည်။ ထို့နောက် မင်္ဂလာဒုံမြို့နယ် ရွှေညောင်ပင်မှတ်တိုင်အနီး၌ ကားရပ်တန့်ကာ နှစ်ဦးသား စကားများရာမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါ လူသတ်မှုနှင့် ပက်သက်ပြီး အမှတ် (၄) လေကြောင်း ရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မော်လမြိုင်) တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတက်နေထွဋ်အား ရုံးခေါ်သက်သေအဖြစ် တင်သွင်း လျှောက်ထားခဲ့မှုကို တရားရုံးက ပယ်ချခဲ့သည်။
ချစ်သူမိန်းကလေးကို သတ်ကာ အလောင်းဖျောက်ခဲ့သဖြင့် တရားစွဲဆိုခံခဲ့ရသည့် သူထက်နိုင်(ခ) သူရအောင်အား စွဲချက်တင်ခဲ့သည့် ပုဒ်မ ၃၀၂ (၂)မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အထိချမှတ်နိုင်ကြောင်း သိရှိရသည်။
 
Ref:7Day
 

19 Oct 2016     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS