BEC-TERO TV

မည်သည့်လူမျိုးဖြစ်ပါစေ မြန်မာနိုင်ငံတွင် နေထိုင်ပါက နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်ရမည်ဖြစ်ပြီး မနေထိုင်ပါက လက်မခံဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

18 Oct 2016     1,344 Views


ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုလုပ်ရပ်များထဲမှ ဖမ်းဆီးရမိထားသူ အကြမ်းဖက်သမား ၁၆ ဦးကို ညှဉ်းပမ်းနှိပ်စက်ခြင်းမရှိပဲ တရားဥပဒေနဲ့အညီ စစ်ဆေးမေးမြန်နေကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က မောင်တောဒေသတွင် မီဒီယာများနှင့် တွေ့ဆုံခဲ့စဉ် ပြည်ထဲရေးဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။
 
"တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူး ပေါင်းပြီး အခု လိုက်ရှင်းလင်းနေ တယ်။ တကယ်ပါတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ အဲဒီအတွက် ငါတို့ လုပ်နေတာ အခုထောင်ထဲမှာ ၁၆ ယောက်ချုပ်ထားတယ်။ အချိန်မရွေး လာကြည့်နိုင်တယ်။ ဥပဒေနဲ့အညီလုပ်နေတယ်။ နှိပ် စက်ညှဉ်းပန်းမှု လုံးဝမရှိဘူး။ ဒီကောင်တွေ ဘာလုပ်နေလဲ တရားဝင်ဖော်ထုတ်နေတယ်။ ဒါ ကိုလည်း အိုင်စီအာရ်စီက လာ ကြည့်ချင်ရင် ကြည့်လို့ရတယ်။ အမြဲတမ်းကြိုဆိုတယ်။ ပြောချင် တာက တို့တွေလုပ်နေတာ တရား ဥပဒေနဲ့အညီပဲ လုပ်နေတာ။ တရားဥပဒေနဲ့မညီတာ ဘာမှ မလုပ်ဘူး။ တရားဥပဒေနဲ့မညီရင် လည်း လက်မခံဘူး"
 
ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မြန်မာနိုင်ငံ အတွင်း နေထိုင်ပါက နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ မနေထိုင်နိုင်ပါက လက်ခံမည်မဟုတ်ဟု ဆက်လက်ပြောသည်။
တို့နိုင်ငံက ထုတ်ထားတဲ့ တရားဥပဒေနဲ့အညီ မနေနိုင်ရင် လက်မခံဘူး။ ဒါ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ပဲ။ နေနိုင်ရမယ်
ဟု ဝန်ကြီးကပြော သည်။
 
လုံခြုံရေးစိုးရိမ်မှုများကြောင့် ဘင်္ဂါလီကျေးရွာများ ဝိုင်းနေသည့် တိုင်းရင်းသားကျေးရွာအများစုမှ ဒေသခံများသည် မောင်တောမြို့ ပေါ်သို့ ဆက်လက်ထွက်ပြေး တိမ်းရှောင်လာနေကြပြီး ယာယီ စခန်းဖြစ်သည့် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ နေရာ မဆံ့ခြင်းကြောင့် မြို့နယ်သာသ နာ့ဗိမာန်ကို ယာယီစခန်းအဖြစ် အောက်တိုဘာ ၁၇ ရက်က ထပ် မံဖွင့်လှစ်ထားသည်ကို တွေ့ရ သည်။
 
အကြမ်းဖက်မှုများ ဖြစ်ပွား ပြီးနောက် ကျေးလက်ဒေသမှ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်း ရှောင်နေသူ ဦးရေသည်အောက်တို ဘာ ၁၇ ရက်အထိ သုံးထောင် ကျော်ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။

18 Oct 2016     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS