ရခိုင်အရေးတွင် အဖျက်သမားများအား နှိမ်နင်းရာတွင် အမေရိကန်က မြန်မာအစိုးရကို ကူညီမည်
14 Oct 2016 1,539 Views

အောက်တိုဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်က အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ရခိုင်ပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုများအတွက် အကြမ်းဖက်လုပ်ရပ်များ ဖြေရှင်းရာတွင် မြန်မာအစိုးရဘက်မှ ပါဝင်ကူညီသွားမည်ဟု အောက်ပါအတိုင်း ဖော်ပြရေးသားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများကြောင့် ထပ်မံသေဆုံးမှုများကြားသိရသည့်အတွက် အမေရိကန်သံရုံးက များစွာစိုးရိမ်မကင်း ဖြစ်မိပါသည်။ ကျဆုံး ကွယ်လွန်သွားခဲ့ကြသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်းလည်း အမေရိကန်သံရုံးက ပြောကြားလိုပါသည်။ တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ သေချာစွာအရေးယူနိုင်မည့် စေ့စပ်သေချာ၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတစ်ရပ်ကို မိမိတို့မျှော်လင့်ပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရေး၊ ရရှိသောသတင်းရင်းမြစ်များကို သေချာစွာစိစစ်ရေး၊ အပြစ်မဲ့သူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးတို့အတွက် ပါဝင်ပတ်သက်သူများအားလုံးကို မိမိတို့မေတ္တာရပ်ခံပါသည်။ ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စေသော အခြေခံ အကြောင်းအရင်းများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လည်းကောင်း၊ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ အားပေးကူညီသွားမည် ဖြစ်ပါသည်။
