BEC-TERO TV

"မုန့်ဖတ်များတွင် ဖော်မလင်ထည့်သည့် ကိစ္စ ကြပ်မတ်ရန် ဒေါ်အောင်ဆန်း စုကြည် ညွှန်ကြား"

14 Oct 2016     1,861 Views


မုန့်ဖတ်များတွင် ဖော်မလင် ထည့်သုံးနေသည့် ကိစ္စကို ထိန်း သိမ်းကြပ်မတ်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က လမ်းညွှန် မှာကြား ထားကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။ ရန်ကုန်မြို့ရှိ Dolphin စား သောက်ဆိုင်၌ အောက်တိုဘာ ၇ ရက်က ပြု လုပ်သော ''မုန့်တီ၊ မုန့် ဖတ်နှင့် ခေါက်ဆွဲ များတွင် ဖော်မ လင် ကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ထုတ်လုပ်နိုင်ရေး အသိ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။ 
 
''ပြီးခဲ့တဲ့အပတ်က နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျွန်တော် တို့ကို မေးပါတယ်၊ မုန့်ဟင်း ခါးဖတ်တွေမှာ ဖော်မလင်ထည့်နေတာ ဟုတ်သလား။ အဲဒီကိစ္စကို ထိန်းသိမ်းကြဖို့ လိုတယ်ဆိုပြီး လမ်း ညွှန်မှာ ကြားပါတယ်။ ဒီကိစ္စသည် နိုင်ငံတော် အစိုးရ နိုင်ငံတော်အ တိုင်ပင်ခံ ပုဂ္ဂိုလ်ထိအောင် ရောက် ရှိနေတဲ့ အချက်အလက် ဆိုတာ သတိပြုမိဖို့ လိုပါတယ်'' ဟု ၎င်းက မုန့်ဖတ်လုပ်ငန်းရှင်များအား သတိ ပေးခဲ့သည်။
 
FDA သည် ရန်ကုန်မြို့တော် စည်ပင် ကျန်းမာရေး ဌာန၊ စား သုံးသူရေးရာ ဦးစီးဌာန၊ အစာအာ ဟာရ ဆိုင်ရာ သိပ္ပံနှင့် နည်းပညာ အသင်းတို့နှင့် ပူးပေါင်းကာ မုန့် ဖတ် လုပ်ငန်းရှင်များ အား ဖော်မ လင် အစားထိုး အန္တရာယ်မရှိ သောပစ္စည်းများ အသုံးပြုထုတ်လုပ်ရန် အသိပညာပေး သင်တန်း များ လုပ်ဆောင်သွားရန်ရှိကြောင်း၊ ထို့နောက်ပိုင်းတွင်မူ မုန့်ဖတ်အတွင်း ဖော်မလင် ထည့်သွင်း အသုံး ပြုခြင်းများကို ဥပဒေနှင့်အညီ ထိ ထိရောက်ရောက် အရေးယူဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
 
မုန့် ဖတ်များတွင် ဖော်မလင် ထည့်သွင်း ရောင်းချနေကြောင်း သတင်းအရ ယမန်နှစ် မေလတွင် FDA က ဈေးကွက် အတွင်းရှိ မုန့်ဖတ်နှင့် ပဲ ပြားနမူနာများကို စစ်ဆေးခဲ့ရာ ဖော်မလင် ပါဝင်နေကြောင်းတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
ဖော်မလင်ကို ထည့် သွင်းခြင်းကြောင့် စားသုံးသူများတွင် အသက်ရှူလမ်း ကြောင်းဆိုင်ရာ အန္တရာယ်ပေးခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သတိလစ် မေ့မြော ခြင်း၊ သေဆုံးခြင်း၊ ကြာရှည် စားပါ က ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါပါ ဖြစ်ပွားနိုင် ကြောင်း FDA မှ သိရသည်။
 
 
အစားအသောက်၊ ဆေးဝါး နှင့် လူသုံးကုန်ပစ္စည်းများကို ကြပ် မတ်ကွပ်ကဲသည့် ကိစ္စများ အရှိန် မြှင့်ရန် FDA ကို အစိုးရက လမ်းညွှန် ထားပြီးဖြစ်ကြောင်း၊ လူတိုင်းနှစ် သက်စွာ စားသုံးနေ ကြသော မုန့် ဟင်းခါးဖတ် ကိစ္စကို နောက်မဆုတ် တမ်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
Credit:မေဇင်ဝင်း
 

14 Oct 2016     1,861 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS