BEC-TERO TV

ရည်းစားအယောက် ၃၀ ကျော်နဲ့ အထီးကျန်ဘဝကို ဖြတ်သန်းသူ

13 Oct 2016     1,315 Views


ရည်းစားအယောက် ၃၀ ဆိုလို လူမိန်းကလေးတွေလို့ ထင်ရင်တော့ လွဲသွားပါလိမ့်မယ်။ ကျယ်ဝန်းလှတဲ့ သူ့ရဲ့ အိမ်ကြီးထဲမှာ အထီးကျန်နေတဲ့ ဘဝကို ကုစားနိုင်ဖို့ လိင်ဖျော်ဖြေမှုပေးနိုင်တဲ့ ကောင်မလေးအရုပ်ပေါင်း ၃၀ ကျော်နဲ့အတူ ဘာစိတ်ဖိစီးမှုမှမရှိပဲ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ လူကြီးတစ်ယောက်အကြောင်းပါ။
 
သူဟာ သူရဲ့အရုပ်တွေကို အတော်လေးချစ်မြတ်နိုးပြီး တစ်နေ့ကို အရုပ်တစ်ရုပ်ကျစီနဲ့ အလှည့်ကျတွဲလေ့ရှိပါတယ်။ အခုလို လိင်ဖျော်ဖြေတဲ့ အရုပ်မတွေကို ဘဝလက်တွဲဖော်လို သတ်မှတ်နေထိုင်တဲ့စိတ်ကူးက ပုံမှန်အားဖြင့်တော့ အတော်ကြီးထူးဆန်းလှပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်လာဖို့ သူ့မှာ နောက်ကြောင်းရာဇဝင်တစ်ခုခုတော့ ရှိချင်ရှိခဲ့ပေမပေါ့။ အခုလို အရုပ်မတွေနဲ့ အတူနေထိုင်ရတဲ့အတွက် သူက ပျင်းနေပုံမပေါ်ပါဘူး၊ တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဖြတ်သန်းရမယ့်အစား အခုလိုအခြေနေမျိုးက သူ့ကို ပျော်ရွှင်စေခဲ့ပါတယ်။
 
သူတို့မကြာခဏ အခုလို ဆိုင်ကယ်နဲ့ အပြင်ထွက်လေ့ရှိကြတယ်
 
 
တစ်ခါတစ်လေကျပြန်တော့လည်း သူ့ရဲ့ ပေါ့ရှ်ကားနဲ့အတူ သူတို့ခရီးထွက်လေ့ရှိတယ်။
 
 
သူ့ရဲ့ ရည်းစားတွေကို သူ့သူငယ်ချင်းတွေနဲ့ ဝေမျှရမှာလည်း မတွန့်တိုတတ်ပါဘူး။
 
 
ဒီလူက သူ့အမျိုးသမီးတွေကို လူတွေကြားထဲလည်း ချပြရဲတယ်ဗျ။
 
 
အရုပ်တွေရဲ့ မျက်နှာအမူအယာ အမျိုးမျိုးဖြစ်အောင်လဲ ပြောင်းတတ်သေးတယ်။
 
 
သူတို့အချင်းချင်း စုစုစည်းစည်းရှိအောင်လည်း လုပ်သေးတယ်။
 
 
အရုပ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အရောင်၊ လက်သည်းနီ၊ နှုတ်ခမ်းနီတွေကအစ သူ့စိတ်ကြိုက်ပြင်တာ။
 
 
သူ့အရုပ်တွေ စိတ်ကြိုက်ပြင်ထားတာ ကြည့်နိုင်ပါတယ်။
 
 
သူတို့နဲ့ပဲအချိန်တွေ ကုန်ဆုံးလေ့ရှိတယ်
 
 
သူ့ရဲ့အိမ်ကိုလည်း အရုပ်အမ္ဘာဖြစ်အောင် ဆင်ထားလေရဲ့
 
 
အမည်မဖော်ပြလိုသူ အဆိုပါပုဂ္ဂိုလ်တစ်ဦးထဲကပဲ ဒီလိုအရုပ်တွေနဲ့ ပျော်မွေ့နေတယ်လို့ မထင်လိုက်ပါနဲ့ သူ့လိုပဲ အရုပ်တွေကြားမှာ နေတတ်တဲ့ အခြားသူတွေလည်းရှိပါသေးတယ်။ သူတို့တွေဟာ ဒီအရုပ်တွေကို သံယောဇဉ်တွယ်ရတဲ့ တစ်ကိုယ်ရည်ခံစားချက် ကိုယ်စီရှိကြသူပါ။ အချို့တွေက အိမ်ထောင်ပျက်ပြီး အထီးကျန်နေသူ၊ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူရည်းစားရဲ့ သစ္စာဖောက်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသူတွေဖြစ်ကြပါတယ်။ ဒီလိုစကားပြနမ်ပြောပဲ ငြိမ်ငြိမ်လေးနေတတ်တဲ့ အရုပ်လေးတွေက သူတို့ရဲ့ ရင်ထဲက အထီးကျန်စိတ်တွေ၊ ခံစားချက်တွေကို အငွေပျံပျောက်ဆုံးစေတဲ့ အဖြေတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
 

13 Oct 2016     1,315 Views




RELATED

Most Popular of Special or Others

Most Popular of NEWS