BEC-TERO TV

ထိုင်းဘုရင်မင်းမြတ် ကျန်းမာရေးအခြေနေ စိတ်မအေးနိုင်သေး

13 Oct 2016     1,313 Views


ထိုင်းဘုရင်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်မှုမရှိသေးဟု အောက်တိုဘာလ ၁၂ ရက်(ဗုဒ္ဓဟူးနေ့)က တော်ဝင်အိမ်တော်မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ထိုင်းဘုရင် Bhumibol ဟာ သွေးပေါင်တွေကျနေပြီး သွေးခုန်နှုန်းတွေ မြန်ဆန်နေပါတယ်။ သူ့ရဲ့ အသည်းဟာလည်း ပုံမှန်အလုပ်မလုပ်တော့ဘူးလို့ နန်းတွင်းကပြောဆိုလိုက်ပါတယ်။ သွေးကို စစ်ဆေးကြည့်ရာမှာလည်း ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာတွေ့ရတယ်လို့ ဆိုပါတယ်။
အသက်ရှုစက်တပ်ထားရဆဲဖြစ်ပြီး ကျောက်ကပ်နဲ့ပက်သက်ပြီး လိုအပ်တာတွေကို လဲလှယ်မှုဆက်တိုက် ပြုလုပ်ကုသနေဆဲဖြစ်တယ်လို့ ဖြည့်စွက်ဖော်ပြထားပါတယ်။ သွေးထဲမှာ အချဉ်ပေါက်မှုမြင့်တက်လာပြီး ဆရာဝန်တွေက ပဋိဇိဝဆေးတွေနဲ့ လျော့ကျလာအောင် ထိန်းချုပ်ဖို့ကြိုးစားနေကြသလို သွေးပေါင်ချိန်ပုံမှန်ဖြစ်ဖို့လဲ စွမ်းဆောင်နေကြပါတယ်။ 
လွန်ခဲ့သော တနင်္ဂနွေနေ့က နန်းတော်တွင်းက ထုတ်ပြန်ခဲ့သောကြေငြာစာတမ်းတွင် ဘုရင်ကြီးက သွေးထဲကနေ အဆိပ်ထုတ်တဲ့ကုထုံးကို ခံယူပြီးနောက်ပိုင်း ကျန်းမာရေးအခြေနေက ပိုဆိုးလာတယ်လို့ ဖော်ပြခဲ့ပါတယ်။
 
ထိုင်းပြည်သူပြည်သား ၃၀၀ ဝန်ကျင်လောက်က ဘန်ကောက်မြို့ရှိ “Siriraj” ဆေးရုံမှာ ဘုရင်ကြီးအတွက် ဆုတောင်းပွဲတွေ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြပါတယ်။ ထိုင်းဘုရင်ဟာ အဆိုပါဆေးရုံတွင် လွန်ခဲ့သော တစ်နှစ်လောက်ထဲက ဆေးရုံတက် ကုသခံနေရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် “Prayut Chan-o-cha” က ဘုရင်ကြီးရဲ့ သားတော် အိမ်ရှေ့မင်းသား “Maha Vajiralongkorn” ထိုင်းနိုင်ငံသို့ ပြနလည်ရောက်ရှိလာပြီး စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောကြားခဲ့ပါတယ်။
 
ဘူတန်နိုင်ငံ ဘုရင်းမင်းမြတ် “Jigme Khesar Namgyel Wangchuck” က သူ့ရဲ့တိုင်းပြည်တွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ထိုင်းဘုရင်မင်းမြတ်အတွက် ဆုတောင်းပွဲတွေ ပြုလုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
 
Ref:CNA
 

13 Oct 2016     1,313 Views




RELATED

Most Popular of International News

Most Popular of NEWS