BEC-TERO TV

ဆမ်ဆောင်း Galaxy Note 7 ဝယ်ယူထားသူတွေ S7Edge လဲလှယ်ခြင်းသို့မဟုတ် ပြန်အမ်းငွေထုတ်ယူခြင်းတို့ ပြုလုပ်နိုင်ပြီ

12 Oct 2016     1,456 Views


- မြန်မာနိုင်ငံမှာ Galaxy Note 7 ဝယ်ယူထားသူတွေအတွက် S7Edge လဲလှယ်ခြင်းသို့မဟုတ် ဖုန်းဝယ်ယူခဲ့တဲ့ ကမ္ဘောဇဘဏ်ခွဲတွေထံမှပြန်အမ်းငွေထုတ်ယူခြင်းတို့ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ ဆမ်ဆောင်းမြန်မာ ကထုတ်ပြန်လိုက်ပါတယ်။

- Galaxy Note7 အား Galaxy S7edge ဖြင့် လဲလှယ်နိုင်ပြီး တန်ဖိုးကွာခြားချက်အတွက် ကျပ် ၅၀၀၀၀ ခန့်တန်ဖိုးရှိ Samsung Original Battery Pack 5200 Mahနှင့်အခြားလက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သွားမှာပါ။

- Galaxy Note7 ဖုန်းအား ၀ယ်ယူခဲ့သော Samsung Brand Shop တွင် ဆက်စပ်ပစ္စည်းများနှင့်တကွ ပြန်လည် အပ်နှံရန်လိုအပ်မှာ ဖြစ်ပြီး ဖုန်းစတင်ဝယ်ယူရန်ဆောင်ရွက်ခဲ့သည့် ကမ္ဘှာှဇဘဏ်ခွဲမှတဆင့် ပြန်အမ်းငွေအပြည့် ပြန်လည်ထုတ်ယူခြင်းကို လုပ်ဆောင်နိုင်ရန် ဆမ်ဆောင်းမြန်မာက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

Samsung မှ လက်ရှိတွင် ဖြစ်ပေါ်နေသည့် Galaxy Note7 နှင့် ပတ်သက်သည့် အခြေအနေကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် Note7 များ ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ကမ္ဘာတစ်ဝန်းတွင် လုံးဝရပ်တန့်လိုက်တော့မည်ဖြစ်ကြောင်း မိခင် ကုမ္ပဏီ ကြီး က ကြေငြာချက်ထုတ်ထားတာလည်းဖြစ်ပါတယ်။ မူလ Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ၊ လဲလှယ်ထားသည့် Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ ဖုန်းအား ပါဝါပိတ်ထားသင့်ပြီး ဖုန်းများသုံးစွဲနေခြင်းကိုလည်း ရပ်တန့်ကာ ထားက ဆမ်းဆောင်းမှ ကြေငြာချက်တွေအတိုင်း လိုက်ပါဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားပါတယ်။

Soure : Kumudra


12 Oct 2016     1,456 Views




RELATED

Most Popular of Special or Others

Most Popular of NEWS