ခွေးလေခွေးလွေင့်များနှင့် ရန်ကုန်မြို့ပြ
11 Oct 2016 1,501 Views

အပ်ဖျားလေးက ပေါင်ထဲစိုက်ဝင်သွားတာနဲ့အတူ အညိုနဲ့အဖြူစပ်ကြား လမ်းခွေးလေး တစ်ကောင်ဟာ မရုန်းနိုင်ရှာတော့ပဲ တစ်ဖြည်းဖြည်းငြိမ်ကျ အိပ်ပျော်သွားပါတော့တယ်။
ဒီအရောင်စပ်ခွေးလေးက မြန်မာပြည်ရဲ့ မြို့တော်ရန်ကုန်အတွင်း လှည့်လည်သွားလာနေတဲ့ ခွေးလေခွေးလွင့် ၁၀၀,၀၀၀ လောက်ထဲက တစ်ကောင်သာ ဖြစ်ပါတယ်။ သူတို့တွေဟာ အိမ်တံခါးဝတွေရှေ့မှာ အိပ်လေ့ရှိပြီး အမှိုက်ပုံတွေကြားမှာ ဆူဆူညံညံနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့စိန်ခေါ်သလို အူသံ၊ ဟောင်သံတွေက ရန်ကုန်မြို့ရဲ့ ညနက်နက်မှာ ဆူညံနေတတ်ပါတယ်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ၃ လစီမံချက်နဲ့ ခွေရူးပြန်ရောဂါကာကွယ်ဆေးနဲ့ မျိုးမပွားအောင် သင်းကွပ်ဆေးထိုးပေးခံရတဲ့ ရာနဲ့ချီတဲ့ ခွေးတွေထဲမှာပါဝင်တာကြောင့် တစ်ကယ်တော့ သူက ကံကောင်းတဲ့ ခွေးတစ်ကောင်သာ ဖြစ်ပါတယ်။
တစ်ချို့တွေအတွက် ချစ်စရာကောင်းတာက တစ်ချို့တွေ အတွက်တော့ မနှစ်မြို့စရာလည်းဖြစ်တတ်ပါတယ်။ အရင်နှစ်များစွာက ဒေသခံအာဏာပိုင်တွေဟာ ခွေးတွေကို အဆိပ်ပါတဲ့ အမဲတုံးအစာပစ်ကျွေးနည်းနဲ့ သုတ်သင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ခွေးမျိုးမပွားရေ နှင့် ခွေးရူးပြန်ရောဂါ မပျံ့ပွားရေ ထိန်းချုပ်မှုကို အခြားနည်းလမ်းများနှင့် ဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။

ခွေးတွရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကို တုတ်နှောင်ပြီး ယာယီပြုလုပ်ထားတဲ့ စားပွဲပေါ်ကိုတင်ကာ ကာကွယ်ဆေးထိုးပေးကြပါတယ်။ အဲဒီနောက်တော့ သူတို့ကို အနီရာင်ကော်လာ အမှတ်အသားပြုလုပ်ပြီး လမ်းမပေါ် ပြန်လွှတ်ပေးခဲ့ကြပါတယ်။
“ကျမက ခွေးတွေကိုချစ်တယ်” ခွေးတွေကို ၁၈ နှစ်ခန့် အစာနေကျွေးနေသူ၊ ခွေးမျိုးမပွားရေးစီမံချက်မှာ ပါဝင်ကူညီသူတစ်ဦးဖြစ်သူ ‘မိုးလဲ့လဲ့’ က ပြောသည်။
“သူတို့က ပွေ့ပိုက်လို့ အရမ်းကောင်းတယ်၊ အဲဒါကို အရမ်းသဘောကျတာ”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ စာရင်းအရ ကာကွယ်ရေး စီမံချက်များ ပြုလုပ်နေသည့်တိုင် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံက ခွေးရူးရောဂါ ဒုတိယအမြင့်မားဆုံးဖြစ်သည်။
ဗုဒ္ဓဘာသာအများဆုံး ကိုးကွယ်သည့်နိုင်ငံဖြစ်သည့်အတွက် ဗုဒ္ဓအလိုအရ မိမိပြုသောကံ နောင်ဘဝတွင် တူသောအကျိုးပေးမည်ကို ယုံကြည်ကြသဖြင့် အာဏာပိုင်များက သင်းကွပ်ခြင်းကို မပြုလုပ်လိုဟု အချို့သူတွေကပြောသည်။
အဆိပ်တုံးပစ်ကျွေးခြင်းနဲ့ ပက်သက်ပြီး အခြားအမြင်တစ်ခုကလည်း ခွေးတွေဟာ ဒီအဆိပ်တုံးကို စားခြင်း မစားခြင်းက သူတို့ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပြီး ဒါဟာ သူတို့ရဲ့ ကံအကြောင်းတရားနဲ့ ဆက်စပ်နေတယ်လို့လည်း မြင်ကြသူတွေရှိပါတယ်။
အချို့က မျိုးဆက်ပွားမှုကာကွယ်ရေး အစီစဉ်က မြန်မာနိုင်ငံလိုအတွက်တော့ ဈေးကြီးတဲ့ အစီစဉ်တစ်ခုဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် မြို့လည်ကောင် ပလက်ဖောင်းနဲ့ နေရာအနှံ့မှာ ခွေးသေကောင်တွေရဲ့ ပုံတွေကို လူမှုကွန်ယက်မီဒီယာတွေမှာ မြင်တွေ့ရတာကလည်း ထိန့်လန့်စရာပါ။
အစိုးရအာဏာပိုင်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အန်ဂျီအို အဖွဲ့တွေ သဘောတူလက်မှတ်ထိုးပြီး မျိုးဆက်ခြားကာကွယ်ရေး လုပ်ငန်းတွေကို မတ်လထဲက စတင်လုပ်ဆောင်နေပြီး နီပေါ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလို အောင်မြင်မှုရဖို့ မျှော်လင့်နေပါတယ်။
Credit:CNA