BEC-TERO TV

ကလေးမီးဖွားခဲ့တဲ့ လိင်ပြောင်းဖခင်တစ်ဦး

11 Oct 2016     1,574 Views


တောင်အမေရိက၊ အီကွေဒေါနိုင်ငံတွင် ယောက်ျားဘဝမှ မိန်းမဘဝသို့ လိင်ပြောင်းထားသည့် အမျိုးသမီးတစ်ဦး နှင့် မိန်းမဘဝမှ ယောက်ျားဘဝသို့ လိင်အင်္ဂါပြောင်းလဲ ထားကြသူ နှစ်ဦးတို့ လက်ထပ်ခဲ့ကြပြီး လိင်အင်္ဂါပြောင်းထားသည့် အမျိုးသားမှ ကလေးမီးဖွားခဲ့သည်။
 
သူတို့စုံတွဲက ကလေးယူဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ယောက်ျားဖြစ်သူ ‘ဖာနန်ဒို’ (မိန်းမဘဝမှပြောင်းလာသူ) က ကိုယ်ဝန်ဆောင်ခဲ့ပြီး ကလေးမီးဖွားခဲ့ပါတယ်။
‘ဖာနန်ဒို’ နဲ့ ‘ဒိုင်ယာနာ’ တို့ သာမန် ယောက်ျားနဲ့ မိန်းမတွေလိုပဲ လက်ထပ်ခဲ့ကြပြီး မိသားစုဘဝလေး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
 
 
ဒိုင်ယာနာက”ကျွန်မတို့ လင်မယားလိုပဲ နေထိုင်ခဲ့ကြပါတယ်၊ ကျမက ယောက်ျားကနေ မိန်းမပြောင်းထားပြီး ဖာနန်ဒိုကတော့ မိန်းမကနေ ယောက်ျားဘဝ ပြောင်းထားသူပါ၊ ကျမတို့ရဲ့ ဘဝလေးထဲကို မိသားစုဝင်တစ်ဦးတိုးလာတော့မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
 
 
ယော်ကျားဘဝခံယူထားတဲ့ ဖာနန်ဒိုကလည်း ကိုယ်ဝန်ဆောင်ဖို့ကို နှစ်ခါပြန်တောင် မတွေးပဲ ဆန္ဒရှိနေပါတယ်။ သူ့ရဲ့ အစာအိမ်ထဲမှာ သန္ဂေသားကို ၈ လ လုံးလုံး ထည့်ပြီးကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။
 
 
ဒိုင်ယာနာကလည်း ဖာနန်ဒို အနားမှာ ကိုယ်ဝန်အောင်မြင်ဖို့အတွက် သူ့ရဲ့ ကိုယ်အလေးချိန်လျော့ချမှု၊ နေထိုင်စားသောက်တဲ့ ပုံစံတွေကို အနီးကပ်ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အဲဒီအတွက် နောက်ဆုံးမှာ ကလေးကို ကျန်းမာအောင်မြင်စွာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။
 
 
သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကိုလည်း မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ စားသောက်ဆိုင်လေးတစ်ခုမှာ ကျင်းပခဲ့ကြပြီး ကလေးရဲ့အမည်ကို ‘ကာရောတီ’ လို့ နာမည်ပြောင် မှည့်ပေးခဲ့ကြပါတယ်။ ဒိုင်ယာနာဟာ လူမှုဝန်းကျင်အသိုင်းဝန်း အတွင်းမှာ သူတို့လို လိင်အင်္ဂါပြောင်းထားသူတွေ တန်းတူညီမျှအခွင့်ရေးရဖို့ ကြိုးစားဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
 

11 Oct 2016     1,574 Views




RELATED

Most Popular of Special or Others

Most Popular of NEWS