တောင်ငူမြို့ တည်းခိုခန်းတွင် ဓါးထောက်အနုကြမ်းစီးမှုဖြစ်ပွား
10 Oct 2016 1,522 Views

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ်(၈)ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းပေါ်ရှိ ချမ်းရိပ်မွန်ဧည့်ဂေဟာ တွင် တည်းခိုနေထိုင်သူ လူငယ်တစ်ဦးက ဧည့်ဂေဟာပိုင်ရှင်အမျိုးသမီးကြီးထံမှ အနုကြမ်းစီးကာ ငွေများ လုယက်သွားခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါဧည့်ဂေ ဟာပိုင်ရှင်၏ မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ အသက် (၆၉) နှစ် အရွယ် တည်းခိုခန်းပိုင်ရှင် ဒေါ်မြမြမေသည် တည်းခိုခန်း၌ရှိနေစဉ် နွား နို့လာပို့သူအား နွားနို့ဖိုးပေးရန် ပိုက်ဆံသွားယူစဉ် အနုကြမ်းစီးသူမှာ ဒေါ်မြမြမေ၏ ပိုက်ဆံအိတ်ထဲမှ ပိုက် ဆံခိုးယူနေကြောင်း ဒေါ်မြမြမေမှ တွေ့မြင်သွားသဖြင့် အနုကြမ်းစီးသူက ဒေါ်မြမြမေအား မောင်းချဓားဖြင့် ထောက်ကာ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ အနုကြမ်းစီးမှုကြောင့် ဧည့်ဂေဟာပိုင်ရှင်တွင် ပြတ်ရှဒဏ်ရာ လေးချက် ရရှိခဲ့ပြီး တောင်ငူ ဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကာ ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရသည်။ ငွေကြေးမည်မျှယူသွားသည်ကို တိတ်ကျကျမသိရသေးဘဲ တည်းခိုခန်းရှိ ဆိုင်ကယ်အား ယူဆောင် မောင်းနှင်ထွက်ပြေးသွားခဲ့သော တရားခံအား တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံရှာဖွေလျက်ရှိကြောင်း တောင်ငူမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အနုကြမ်းစီးသူသည် အသက် (၁၉) နှစ်အရွယ် မောင်စစ်ပိုင်မှူး ဆိုသူဖြစ်ပြီး ၎င်းသည် အောက်တို ဘာ ၈ ရက် ညနေကရောက်လာ ပြီး အခန်းအမှတ် (၀၄) ၌ တည်း ခိုနေထိုင်နေသူဖြစ်ကြောင်း သိရှိရသည်။
Credit:YMG