၁၂ ရက်အတွင်း လူပေါင်း ၂၀၇ ယောက်ကို အဖော်ပြုခဲ့ရတဲ့ ပြည့်တန်ဆာအိမ်က ၁၆ နှစ်အရွယ်မိန်းကလေး
07 Oct 2016 1,435 Views
၂၀၁၅ ခုနှစ် မေလ၊ ဖခင်ဖြစ်သူက သွေးတိုးရောဂါနဲ့ ရင်ကျပ်ဝေဒနာခံစားနေရတာကြောင့် အလုပ်မလုပ်နိုင်တော့ပဲ မိသားစုရဲ့ စီးပွားရေးအခြေနေက အလွန် ကျပ်တည်းလာခဲ့ပါတယ်။ ဒီကြားထဲမှာ အဖွားဖြစ်သူက အဆုတ်ကင်ဆာဝေဒနာသည်မို့ အသက် ၁၆ နှစ်သာရှိသေးတဲ့ သီရိလင်္ကာမိန်းကလေးတစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ခဲ့ပါတယ်။ အိမ်ရဲ့အခြေနေတွေကို ရင်းနှီးတဲ့ အိမ်နီးနားချင်းကို ရင်ဖွင့်ခဲ့မိပါတယ်၊ အိမ်နီးချင်းဖြစ်သူ ပေးတဲ့ အကြံအစည်က သူမဘဝကို နစ်မွန်းစေခဲ့မယ်ဆိုတာ နားလည်ခဲ့ပေမယ့် အဲဒီအချိန်က ရွေးချယ်စရာအခြား ထွက်ပေါက်မရှိခဲ့ပါဘူး။
အိမ်နီးချင်းဖြစ်သူရဲ့ ဆက်သွယ်ပေးမှုနဲ့ စင်ကာပူမှာ ပြည့်တန်ဆာအလုပ် လုပ်ကိုင်ဖို့ အေဂျင့်တစ်ခုနဲ့ ချိပ်ဆက်မိပါတယ်။ အေးဂျင့်လင်မယားက တစ်လအတွင်း စင်ကာပူဒေါ်လာ ၁,၅၀၀ (ရှုပီး ၁၅၀,၀၀၀) ရရှိနိုင်မယ်လို့ ပြောခဲ့တဲ့အတွက် သူမ သဘောတူလက်ခံခဲ့ပါတယ်။ အေဂျင့်က သူမကို စင်ကာပူရောက်လာအောင် စီစဉ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ ညနေမှာ စင်ကာပူကို ရောက်ရှိလာခဲ့ပါတယ်။
လေဆိပ်မှာ သီရိလင်္ကာအမျိုးသားနှစ်ဦး လာကြိုခဲ့ပြီး ဂေလမ်းရပ်ကွက်ရှိ လိုရောင်း ၂၂ လမ်းနှင့် ၂၄ လမ်းကြားမှာရရှိတဲ့ ပြည့်တန်ဆာအိမ်တစ်ခုကို ပို့ပေးခဲ့ပါတယ်။ သူမ ပြည့်တန်ဆာအိမ်ကို ရောက်ရှိပြီး ၁၂ ရက်အတွင်းမှာပဲ အမျိုးသားဖောက်သည် ၂၀၇ ယောက်နဲ့ လိင်ဆက်ဆံခဲ့ရပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ၂၀၁၅ ခုနှစ် မေလ ၆ ရက်နေ့မှာ လမ်းမပေါ်မှာ ဖောက်သည်ရှာနေစဉ် ရဲက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ထိ သူမရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုအတွက် ပြည့်တန်ဆာခေါင်းဆီက တစ်ပြားတစ်ချပ်မျှ မရရှိခဲ့သေးပါဘူး။ သူမဟာ တစ်ညကို ပျှမ်းမျှလူအယောက် ၂၀ လောက်နဲ့ လိင်ဆက်ဆံခဲ့ရပြီး ဖမ်းမိတဲ့ညမှာပဲ ဖောက်သည် ၇ ယောက်နဲ့ ဆက်ဆံပြီးပါပြီ။ ၁၅ မိနစ်စာ လိင်ဝန်ဆောင်မှုအတွက် စင်ကာပူဒေါ်လာ ၃၀ ရရှိပြီး၊ ၁၀ ဒေါ်လာကိုတော့ ပြည့်တန်ဆာအခန်းဖိုး ပေးရပါတယ်။ ပိုက်ဆံကိုတော့ ပြည့်တန်ဆာခေါင်းက သိမ်းပြီးမှ ပြန်လည်ခွဲဝေတဲ့ စနစ်ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့မှာ ပြည့်တန်ဆာအိမ်ဖွင့်လှစ် လုပ်ကိုင်သူ အသက် ၆၈ နှစ်အရွယ် "Goh Tiang Ho" ကို ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်၊ အဆိုပါလုပ်ငန်းကို ကူညီဆောင်ရွက်သူ အသက် ၂၇ နှစ်အရွယ် ဘင်္ဂလားဒေ့လူမျိုး "Sahadat” ကိုလည်း ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်။ အမျိုးသမီးငယ်ကို စင်ကာပူချန်ဂီလေဆိပ်တွင် လာကြိုခဲ့သော အမျိုးသားနှစဦးထဲမှ အသက် ၂၉ နှစ်အရွယ် သီရိလင်္ကာလာမျိုး “Hathamune Liyanage Pushpa Surange” ကိုလည်း စင်ကာပူရဲက ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ပက်သက်နေသူဟု သံသယရှိပြီး အလိုရှိနေပါတယ်။ သူဟာ ၂၀၁၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က စင်ကာပူကနေ ပြန်လည်ထွက်သွားခဲ့ပါတယ်။ အခြားအမျိုးသားတစ်ဦးကိုတော့ မည်သူမည်ဝါဟု ဖော်ပြနိုင်ခြင်း မရှိပေ။
စင်ကာပူတွင် အမျိုးသမီးများနှင့် သက်ဆိုင်သောဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်သူ (သို့) အားပေးကူညီသူကို ပထမအကြိမ်အဖြစ် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ဒေါ်လာ ၃,၀၀၀ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ပြီး ဒုတိယအကြိမ်တွင်တော့ ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ ပြစ်ဒဏ်ချမှတ်တိုင်ပါတယ်။