ဦးခေါင်းနှစ်လုံးနဲ့ ထူးဆန်းသော ကလေးငယ် အိန္ဒိယတွင်မွေးဖွား
06 Oct 2016 1,405 Views
ဦးခေါင်းနှစ်လုံးပါတဲ့ ထူးထူးဆန်းဆန်း ကလေးငယ်တစ်ဦး အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ ကလေးငယ်ဟာ ၂.၂ ကီလိုရှိပြီး ကျန်းမာရေးအခြေနေကောင်းပေမယ့် ခက်ခက်ခဲခဲ အသက်ရှုနေရတဲ့ ပြဿနာတော့ရှိတယ်လို့ မွေးဖွားပေးခဲ့သူ ဆရာဝန်က ပြောပါတယ်။
ဂျဝါဟာလာနေရူး ဆေးတက္ကသိုလ်က ဆရာဝန်ဖြစ်သူ ဒေါက်တာ ဂျပရာကပ်ရှ် နာရာရန် က ကလေးဟာ ယောက်ျားလေးဖြစ်ပြီး ထူးဆန်းစွာ ဦးခေါင်းနှစ်လုံး ပါလာတဲ့အတွက် အထူးဂရုစိုက် စောင့်ရှောက်မှုတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ ကျန်းမာရေးကောင်းပေမယ့် သက်ရှင်ကျန်ဖို့ကိုတော့ မျှော်လင့်နေဆဲ အခြေနေမှာရှိပါတယ်။
"အခြားကိုယ်ခန္ဓာခြင်း ဆက်နေတဲ့ အမွှာတွေကို ခွဲစိတ်ရတာ ဖြစ်နိုင်ခြေရှိသော်လည်း အခုလို အခြေနေမျိုးက ခွဲစိတ်ရန် မဖြစ်နိုင်ဖို့များတယ်။ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် ပျော်ရွှင်မှုကတော့ အကြာကြီး ခံမှာမဟုတ်ဘူး“ လို့ ဆရာဝန်က ပြောခဲ့ပြီး ကလေးငယ်ဟာ ၃၂ နာရီသာ အသက်ရှင်နိုင်ဖို့ အခွင့်အရေးပဲရှိပါတယ်။
ဆရာဝန်တွေရဲ့ အဆိုအရ ကလေးငယ်မှာ ကိုယ်တွင်းကလီစာ နှစ်ခုပါရှိပေမယ့် ခန္ဓာကိုယ်တစ်ခုထဲမှာ လာပြီးဖွဲ့တည်နေပါတယ်၊ ဒါကိုသီခြားစီ ခွဲထုတ်ပစ်ဖို့ဆိုတာ ကလေးလေးရဲ့ အရွယ်နဲ့ ဖြစ်နိုင်ခြေမရှိပါဘူး။ ကလေးငယ်ရဲ့ မိခင်ဟာ အသက် ၂၀ အရွယ်ရှိပြီး သူတို့ လင်မယားအတွက် ဒါဟာ သားဦးကလေးလေးဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်နေစဉ်မျာလည်း ဆရာဝန်နဲ့ မှန်မှန်မပြခဲ့သလို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေလည်း မလုပ်ခဲ့ပါဘူး။ သူမဟာ ကလေးမီးဖွားစဉ်မှာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် သူမရဲ့ ကလေးကို ဆုံးရှုံးရတော့မယ့် အခြေနေရှိပါတယ်။
ဆရာဝန်တွေက ကလေးငယ်ကို ဆေးရုံမှာပဲ ကြည့်ရှု့စောင့်ရှောက်ဖို့ ပြောခဲ့ပေမယ့် ဇနီးမောင်နှံက လက်မခံခဲ့ပဲ ကလေးကို အိမ်ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။