ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆိုမှုကို ဖြေရှင်းနိုင်မည့် ရေပေါ်တက္ကစီ ပြေးဆွဲတော့မည်
06 Oct 2016 1,391 Views

ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းနိုင်စေရန် လှိုင်မြစ်အတွင်း ရေပေါ်တက္ကစီပြေးဆွဲမှုကို လာမည့် ၂၀၁၇ ခုနှစ်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးတာဝန်ရှိအဖွဲ့အစည်းထံမှ သတင်းရရှိသည်။
“လှိုင်သာယာ၊ ရွှေပြည်သာတို့ ဥပမာမြောက်ဒဂုံတို့လိုနေရာတွေဆိုရင် ကားပေါ်မှာတင် တစ်နာရီလောက်အချိန် ပေးရတယ်။ ရေကြောင်းကိုသာ အသုံးပြုနိုင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့နေရာကို မြန်မြန်ရောက်မယ်။ အများကြီး လည်း သက်သာမယ်။အမြန်ယာဉ်ဆိုတော့ ကားစီးရတာနဲ့မတူဘူး။ ကားစီးရတာ မွန်းကျပ်တယ်။ ၂၀၁၇ ခုနှစ် အစပိုင်းကို စမယ်။” ဟု ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
ပြေးဆွဲမည့် ရေပေါ်တက္ကစီ အရေအတွက်ကို အတိအကျမဖော်ပြနိုင်သေးသော်လည်း မကြာမီတွင် ရေပေါ်တက္ကစီအတွက် လုပ်ငန်းတင်ဒါများခေါ်ယူသွားမည်ဖြစ်ပြီး အတွေ့ကြုံရှိသော နိုင်ငံခြားနှင့်ဖက်စပ်ကုမ္ပဏီများကို ဦးစားပေး ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ ရေပေါ်တက္ကစီအတွက် နည်းပညာနှင့်အကူညီများကို ထိုင်နိုင်ငံက ရယူမည်ဖြစ်သည်။
ယခင်ကလည်း မြစ်ကြောင်းအတွင်း အမြန်ရေယာဉ်ပြေးဆွဲမှုများ လုပ်ကိုင်ခဲ့သေည်လည်း အောင်မြင်မှုမရရှိခဲ့ပဲ အရှုံးပေါ်ခဲ့သည့်အတွက် ကြာရှည်မခံပဲ ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ ရေပေါ်တက္ကစီပြေးဆွဲမည့် အစီစဉ်နှင့်ပက်သက်၍ နေ့စဉ်မြစ်ကြောင်းကို အသုံးပြုကာ သွားလာနေသည့် ခရီးသည်တစ်ဦးက မယောင်ရာဆီလူးနေတယ်ဟု မှတ်ချက်ပေးခဲ့ပါတယ်။
Credit:မြစ်မခမီဒီယာ
Photo:သရုပ်ပြမျှသာ