BEC-TERO TV

ပြင်သစ်မှာ သက်တော်စောင့်ကို လူသတ်ဖို့အမိန့်ပေးတဲ့ ဆော်ဒီအိမ်ရှေ့မင်းသမီး

04 Oct 2016     1,361 Views


ဆော်ဒီအိမ်ရှေ့မင်းသမီးက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ သူမ၏ အိမ်တော်တွင် ပြုပြင်မွမ်းမံခြင်းအလုပ် လုပ်နေတဲ့ ဆေးသုတ်နှင့် အိမ်တွင်းအလှဆင်သူကို သတ်ပစ်ရန် သူမ၏ သက်တော်စောင့်ကို အမိန့်ပေးခဲ့ပြီး ပြင်သစ်နိုင်ငံမှ ထွက်ခွာသွားခဲ့ပါတယ်။
 
ပဲရစ်က သူမရဲ့နေအိမ်တော်မှာ နေအိမ်အလှဆင်သူက အလုပ်ပြီးစီးသည့်နောက် ဓါတ်ပုံရိုက်နေတာကို မိသွားခဲ့တဲ့အတွက် ဆော်ဒီအာရေဗီးယားဘုရင် ‘ဆယ်လ်မန်’ ၏ သမီးတော် အသက်၄၂ နှစ်အရွယ် 'ဟက်စ်ဆာ' က သူမရဲ့ သက်တော်စောင့်ကို “ဒီခွေးကောင်ကိုသတ်ပစ်” “အသက်ရှင်ဖို့ မထိုက်တန်တဲ့ကောင်” ဟု ဆိုကာ သတ်ပစ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ 
အသက် ၅၃ နှစ်အရွယ် အိမ်အလှဆင်သမားကို သူမရဲ့ သက်တော်စောင့်က ဦးခေါင်းကို ရိုက်နှက်ခဲ့ပြီးနောက် လက်ကောက်ဝတ်ကို ကြိုးနှင့်တုတ်ကာ ၄ နာရီကြာမျှ ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်၊ အဲဒီနောက်တော့ အိမ်ရှေ့မင်းသမီးရဲ့ ခြေဖမိုးကို နမ်းခိုင်ခဲ့ပြီးနောက် အိမ်တော်မှ မောင်းထုတ်ခံခဲ့ရပြီး ဒီနေရာကို ဘယ်တော့မှ ပြန်မလာရန် ပြောဆိုခံခဲ့ရပါတယ်။
 
သက်တော်စောင့်ကို ဖမ်းဆီးထားခဲ့ပြီး စနေနေ့က တရားရုံးတော်မှာ တွေ့မြင်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ညှင်းပန်းနှိပ်စက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ပြန်ပေးဆွဲမှု၊ ပြန်ပေးဆွဲတာကို အားပေးကူညီမှုစတဲ့ အမှုတွေကို ရင်ဆိုင်နေရပါတယ်။ အမည်ဖော်ပြခြင်းမရှိတဲ့ သက်တော်စောင့်က သူ့အနေနဲ့ သိုသိုသိပ်သိပ်ထားရမယ့် အခြေနေကို ကာကွယ်တဲ့အနေနဲ့ ဓါတ်ပုံရိုက်ခဲ့တဲ့အပေါ် မဖြစ်မနေ အသက်ညှာဆုံး တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးကို လျှောက်ထားခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်နေတဲ့အချိန်မှာ အိမ်ရှေ့မင်းသမီးလည်း ရှိနေပြီး သူဟာသက်တော်စောင့်တစ်ယောက် ဖြစ်တာကြောင့် ပစ္စတိုသေနတ်ကို တရားဝင်ကိုင်ခွင့်ရှိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
 
အိမ်ရှေ့မင်းသမီး ‘ဟက်စ်ဆာ’ က သူမအနေနဲ့ အမှားလုပ်ခဲ့တာ ဘာမှမရှိဘူး၊ ဒီကိစ္စကိုလည်း သံတမန်ရေးအရ ကင်းလွတ်ခွင့်ပေးဖို့ ပြောဆိုလိုက်ပါတယ်။ အိမ်အလှဆင်သူက ပဲရစ်က အိမ်တော်ရဲ့ အတွင်းပိုင်းကို ဓါတ်ပုံရိုက်ပြီးနောက် မီဒီယာတွေကို ရောင်းစားရန် ရည်ရွယ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ တရားရုံးရဲ ဖြစ်သူက အိမိအလှဆင်သူတွေဟာ အလုပ်ပြီးတဲ့အခါ စမတ်ဖုန်းနဲ့ ဓါတ်ပုံရိုက်ယူတာဟာ ပုံမှန်သာဖြစ်ပြီး သူတို့အလုပ် သူတို့လုပ်တာလို့ ပြောခဲ့ပါတယ်။ 
အိမ်အလှဆင်သူကတော့  အလုပ်ပြီးစီပြီးနောက် ရှင်းပေးရန် ကျန်ရှိငွေ စတာလင်ပေါင် ၁၇,၅၀၀ ကို ရလိုကြောင်း​တောင်းခံထားခဲ့ပါတယ်။ အဆိုပါအမှုနှင့် ပက်သက်ပြီး အခြေနေသိရှိရန် ဆော်ဒီအာရေဗီးယား သံရုံးကို ဆက်သွယ်ရန် ကြိုးစားလျှက်ရှိသည်။
 

04 Oct 2016     1,361 Views




RELATED

Most Popular of International News

Most Popular of NEWS