BEC-TERO TV

အပျံစားမော်ဒယ်လ် Kim Kardashian West ပဲရစ်တွင် ဓါးပြတိုက်ခံခဲ့ရ

03 Oct 2016     1,285 Views


ပြင်သစ်နိုင်ငံ ပဲရစ်ဖက်ရှင်ပွဲသို့ ရောက်ရှိနေသော နာမည်ကြီးမော်ဒယ်လ် Kim Kardashian West တစ်ယောက် သူမ၏ ဟိုတယ်ခန်းထဲတွင် ဓါးပြတိုက်ခံခဲ့ရသည်။ ရဲဝတ်စုံ ဝတ်ဆင်ထားသော လူ ၅ ဦးက သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ဓါးပြတိုက်ခဲ့တယ်လို့ ပြင်သစ်ရဲများက ဆိုပါတယ်။  
 
 
“သူမတစ်ကိုယ်လုံးတုန်ပြီး ကြောက်နေပါတယ် ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာတွေ မရှိပါဘူး” ဟု Kardashian West ရဲ့ ကိုယ်ရေးအရာရှိက ပြောဆိုပါတယ်။ လူ ၅ ဦးက ဟိုတယ်အမှုထမ်းကို လက်နက်နဲ့ခြိမ်းခြောက်ခဲ့ပြီး လက်ထိပ်ခတ်ကာ အထူးသီးသန့်အဆောင် အခန်းတံခါးကို အတွင်းဖွင့်ခိုင်းခဲ့တယ်လို့ အရာရှိများက ပြောပါတယ်။
 
Kardashian West က ရေချိုးခန်းထဲမှာ သော့ချနေခဲ့ပြီး၊ ဓါးပြတွေက ဖုန်းနှစ်လုံးနှင့် ဒေါ်လာသန်းချီတန်တဲ့ လက်ဝတ်လက်စားတွေကို ယူသွားခဲ့ပါတယ်၊ ဒေါ်လာ ၄.၅ သန်းတန်လက်စွပ်ပါတဲ့ လက်ဝတ်ရတနာသေတ္တာပါသွားခဲ့တယ်လို့ ပြင်သစ် တရားရေးအရာရှိများက ပြောပါတယ်။ Kardashian West က ပြင်သစ်ကို ဖက်ရှင်ပွဲတက်ရောက်ရန် သူမ၏ မိခင် နှင့် ညီမနှစဦးတို့ဖြင့် အတူရောက်လာသော်လည်း တစ်ကိုယ်တည်း သီးသန့်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
 
 
အဆိုပါ ဖြစ်စဉ်ကြောင့် နယူးယောက်တွင် ဂီတဖျော်ဖြေပွဲ ပြုလုပ်နေသော Kardashian West ၏ ခင်ပွန်း Kanye West က ပရိသတ်များကို တောင်းပန်ကာ ဖျော်ဖြေပွဲကို မပြီးခင် ရပ်ဆိုင်ခဲ့ပါတယ်။ အရေးပေါ် မိသားစု ကိစ္စတစ်ခုကြောင့် ဖျော်ဖြေပွဲကို ရပ်နားခွင့်ပြုပါလို့ ပရိသတ်ကို ​တောင်းပန်ခဲ့ပါတယ်။ 
 
 

03 Oct 2016     1,285 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS