ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကို မှုခင်းထိန်ချန်မှုနဲ့ အရေးယူရန် လိုအပ်ကြောင်း ဦးရောဘတ်စန်းအောင် ပြောကြား
03 Oct 2016 1,350 Views
အင်းဝအပ်ချုပ်ဆိုင် အမှုနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကိုပါ အရေးယူဖို့ လိုအပ်ကြောင်း မီဒီယာဆဲဗင်း သတင်းဌါနနှင့် တွေ့ဆုံမေးမြန်းစဉ် ရှေ့နေဦးရောဘတ်စန်းအောင် က ပြောဆိုလိုက်ပါတယ်။
အင်းဝအပ်ချုပ်ဆိုင် အမှုကို မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်က စုံစမ်းဆောင်ရွက်ပြီး ရက်ပေါင်း ၃၀ အတွင်း ပြန်လည်တင်ပြရန် အသိပေး ကြောင်းကြားခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှသာ အကြောင်းပြန်ခဲ့သည့်အတွက် အမှုထိန်ချန်မှုနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကိုပါ အရေးယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရန်ကုန်တိုင်းအတွင်း အလောင်းပြိုင်လူသတ်မှု၊ လုယက်မှု အစရှိသည့် ပြစ်မှုကြီးများ ဆိုးဆိုးရွားရွား ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထိန်းချုပ်ကွပ်ကဲနိုင်စွမ်းမရှိသဖြင့် တိုင်းတပ်ဖွဲ့မှူး နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကို ပြောင်းရွေ့ပြီး အရည်အသွေးပြည်ဝသူများနှင့် အစားထိုးရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကို တရားစွဲနိုင်ရန် သူ့အနေနဲ့ အချက်လက်များကိုလည်း စုဆောင်းနေပြီဖြစ်ပါတယ်။
ထို့အပြင် ကာလကြာရှည် ရက်စက်စွာ နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေး နှစ်ဦးအပေါ် လျော်ကြေးငွေ သိန်း ၅၀ နှင့် ကြေအေးစေခဲ့မှုအပေါ် မေတ္တာတရားနှင့် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကိုလည်း မေတ္တာတရား၏ ခိုလှုံရာစခန်းဖြစ်သည့် အင်းစိန်တောရနရသိမ် သို့ သွားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ဦးဇော်ဝင်းသည် ယခင်က အင်းစိန်အကျဉ်းဦးစီးဌါန၏ ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်ဆောင်ခဲ့ဖူးသူ ဖြစ်သည့်အတွက် ၎င်းလက်ထပ်တွင် အကျဉ်းသားများအား ပြုမှုဆက်ဆံခဲ့သည့် စေတနာကံက သူ့ထံသို့ အလိုလို ပြန်ရောက်လာတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
Ref: Myanmar Media 7