BEC-TERO TV

အက်တာနက်စွဲလန်းမှုဖြတ် စခန်းကို ပို့လို့ အငြိုးနဲ့ မိခင်ကို သေအောင်လုပ်ခဲ့တဲ့ ၁၆ နှစ်သမီး

29 Sep 2016     1,395 Views


တရုပ်ပြည်တွင် မိခင်ဖြစ်သူကို သတ်ခဲ့သည့် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အာဏာပိုင်များထံ လာရောက်အဖမ်းခံခဲ့သည်။
‘ချန်ရှင်ယန်’ သည် မိခင်ဖြစ်သူ ‘လီရှောင်မေ’ အား တဖြည်းဖြည်း အစာရေဆာ ပြတ်လပ်ပြီး သူ့အလိုလိုသေစေရန် ကုလားထိုင်တွင် ကြိုးနှင့်တုတ်နှောင်ထားခြင်းဖြစ်သည်။ သူ့မိခင်၏ အဖြစ်သနစ်များကို ရိုက်ထားသည့် ဓါတ်ပုံနှင့် ဗီဒီယိုများကို အဒေါ်ဖြစ်သူထံ ပေးဖို့ခဲ့ပြီး ပြန်ပေးငွေ တောင်းဆိုခဲ့သည်။
 
ယခုကဲ့သို့ ပြုလုပ်ခြင်းဟာ သူမကို အင်တာနက်စွဲလမ်းစိတ်ကို ဖြတ်ပေးတဲ့ စခန်းကို အတင်းပို့ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်၊ အဆိုပါစခန်းတွင် အင်တာနက်စွဲလမ်းစိတ် ပြတ်ဖို့ ရက်ရက်စက်စက် အရိုက်ခံခဲ့ရပြီး သူမဆန္ဒမပါတာတွေကို လုပ်ခဲ့ရတဲ့အပေါ် မကျေနပ်လို့ အငြိုးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တောင်းဆိုထားတဲ့ ပိုက်ဆံ ရောက်လာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူ သေလုမျောပါးဖြစ်နေပါပြီ။ အရေးပေါ်ကားကို ဆက်သွယ်ခေါ်ယူခဲ့ပေမယ့် အချိန်နောက်ကျသွားတာကြောင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စတွေမတိုင်ခင်မှာလည်း ‘ချန်’ ဟာ ဖခင်ဖြစ်သူနဲ့ အချေအတင်ဖြစ်ခဲ့ရာမှာ ဖခင်ကို ဓါးနဲ့ထိုးခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
 
မိခင်ဖြစ်သူကို သတ်ခဲ့ပြီး ဖခင်ဖြစ်သူကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ သူမရဲ့ စိတ်အခြေနေကို ရဲဌါနက အတည်မပြုနိုင်သေးပါဘူး။
ယခုနှစ်ပိုင်းရဲ့ အစောပိုင်းကာလ တစ်ခုမှာ ‘ချန်’ ကို လူနှစ်ယောက်က အတင်းဆွဲခေါ် ကားနောက်ခန်းထဲပစ်ထည့်ပြီး ရှန်ဒေါင်း သိပ္ပံနဲ့နည်းပညာ ကာကွယ်ရေး အကယ်ဒမီကို ဇွတ်အတင်းပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အဆိုပါစင်တာက ၁၉၉၆ ခုနှစ်ကတည်းက အင်တာနက်စွဲလမ်းစိတ်ဖြစ်နေတဲ့ လူငယ်ပေါင်း ၇,၀၀၀ ကို ကုသပေးနိုင်ခဲ့တယ်လို့ သူတို့ရဲ့ ဝဘ်ဆိုက်မှာ အခိုင်အမာပြောထားပါတယ်။ သူ့မရဲ့ မိဘတွေက သူမကို ပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပြီး ပို့ခဲ့တဲ့ အဲဒီနေရာကနေ ‘ချန်’ ထွက်ခဲ့ပါတယ်။ အဲဒီစင်တာမှာ အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ သူမကို ဝန်ထမ်းတွေက ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြတယ်လို့ ‘ချန်’ က အခိုင်အမာပြောဆိုပါတယ်။ လေးလတာမျှ နှိပ်စက်ခံပြီးတဲ့နောက်မှာ ‘ချန်’ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။
 
'ချန်' တက်ခဲ့ရသည့် အင်တာနက်ဖြတ်စခန်း
 
တရုပ်သတင်းဌါနတွေက လေ့ကျင့်ရေးစခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့ကြတယ်ဆိုတာကို သိရဖို့ အကယ်ဒမီရဲ့ တာဝန်ရှိသူတွေနဲ့ ဆုံဖို့ကြိုးစားနေပါတယ်။
စခန်းအတွင်း လျှပ်စစ်ကျင်စက်နဲ့ တို့ခြင်း၊ အစားအစာများကို အိမ်သာရှေ့မှာ ထိုင်ပြီးစားခိုင်းခြင်းတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ တရုပ်ပြည်မှာရှိတဲ့ အင်တာနက်စွဲလန်းမှု ဖျောက်ဖျက်တဲ့ စင်တာတွေအတွက်တော့ ဒီလိုမျိုးကိစ္စတွေဟာ အထူးအဆန်း မဟုတ်တော့ပါဘူး၊ သူတို့တွေဟာ စစ်တပ်သဖွယ် လေ့ကျင့်ပေးပါတယ်၊ အကယ်၍ မရဘူးဆိုရင်တော့ သူတို့ရဲ့ နောက်ဆုံးနည်းက ကိုယ်ထိလက်ရောက် နှိပ်စက်တာပဲဖြစ်ပါတယ်။ 
 
၂၀၀၉ ခုနှစ်တုန်းက ‘ဂေါင်ဇီ’ မှာရှိတဲ့ အင်တာနက်အစွဲဖျောက်တဲ့ ကုသရေးဌါနမှာ ၁၅ နှစ်အရွယ် ကောင်းလေး တစ်ယောက် သူ့ရဲ့ ဆရာက ရိုက်နှက်လို့ သေသွားခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါသည်။

29 Sep 2016     1,395 Views




RELATED

Most Popular of International News

Most Popular of NEWS