သိန်း ၅၀ တန် နှိပ်စက်မှုကြီးရဲ့ နောက်ဆုံးလာအဖမ်းခံခဲ့သူမှာ တစ်ကယ်အပြစ်ရှိ/မရှိ
29 Sep 2016 1,429 Views

အိမ်အကူမိန်းကလေး နှစ်ဦးကို ကျွန်ပြုနှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ဆက်စပ်၍ အလိုရှိနေသော မသီရိလတ်၊ ၃၄ နှစ်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျောက်တံတားမြို့မရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။
သူမကိုယ်တိုင် လာရောက် အဖမ်းမခံခဲ့မီ ရဲတပ်ဖွဲ့က တိမ်းရှောင်နေသော ရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားသည့် အချိန်တွင် သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
ကျမ သီရိလတ် ပါ.(အင်းဝအပ်ချုပ်ဆိုင်)ရဲ့ သမီးကြီးပါ..
ကျမကို တရားခံပြေးအဖြစ် သတ်မှတ်ထားပါတယ်.. ကျမကိုယ့်ကို ကိုယ် ယုံကြည်ပါတယ်၊ တရားခံ မဟုတ်ဘူးဆိုတာကို . ဘာဖြစ်လို့လဲ ဆိုတော့ ကျမ သဇင်ကို ထိခိုက်ဒဏ်ရာရအောင် တခုမှ မပြုလုပ်ခဲ့ပါ.. ဒါကို ကျမသိသလို သဇင်လဲ သိပါတယ် ဘုရားသခင်လဲ သိပါတယ် ..ကျမမှာ အိမ်မရှိ၍ စီးပွားရေး အိမ်ထောင်ဂေး မပြေလဲ၍ အမေ့အိမ် (အင်းဝ အပ်ချုပ်ဆိုင် ) မှာဒုတိယ သမီးကိုယ်ဝန် ၅လ အချိန်မှ စ၍ သွားရောက်မှီခို ခဲ့ပါတယ် ..ကျမအပြစ်မရှိကြောင်း ကို ချက်ချင်းသွားပြောပီး ပြန်လာလို့ မရတဲ့ နေရာမို့လို့ .. လူမမယ်သမီးလေး ၂ယောက် ၂နှစ်နဲ့ ၆နှစ် ကို ကြည့်ရှုစောက်ရှောက် ထိန်းသိမ်းပေးမဲ့သူ မရှိပါ.ဆွေးမျိုးများနှင့်လဲ ယခင်ကထဲက သွားရောက် ဆက်ဆံ ပတ်သတ်ခဲ့ခြင်းလဲ မရှိပါ။ ကျမ အထုပ်ပိုက်ပီး စခန်းသွားရန် အဆင်သင့် ဖြစ်နေပေမဲ့ သမီး ၂ ယောက် လုံး ဖျားပီးနေမကောင်းပဲ ဘယ်သူ့ကို အပ်သွားရင်ကောင်းမလဲ လို့ စဉ်းစား ရင်း အချိန်လင့်ခဲ့ရပါတယ် ... ကျမမှာ အပြစ်မရှိဟု ယုံကြည်၍ ကျမကို ဝိုင်းဝန်းကူညီပြီး အပြစ်မရှိကြောင်းအမှန်တရားကို ပေါ်ပေါက်စေရန် ဆုတောင်းပေးကြပါရန် ပန်ကြားအပ်ပါသည်

အဆိုပါ စတေးတပ်အပေါ်တွင် ဝေဖန်မှုများလည်း ရှိခဲ့ပြီး အမှန်တရားအတိုင်း ပေါ်ပေါက်စေရန် ဆန္ဒပြုသူများလည်း ရှိခဲ့ပါသည်။ အမှုတွင် သူမကိုယ်တိုင် ပါဝင်ကျူးလွန်သူ ဟုတ်/မဟုတ်။ အပြစ်ရှိ/မရှိ ကိုတော့ စစ်မှန်သော အမှန်တရားကသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။