အိမ်နီးချင်းနိုင်ငံအချို့တွင် မရှိသေးသော မိုင်းရှင်းယာဉ်အား မြန်မာ့တပ်မတော် ထုတ်ဖော်ပြသ
28 Sep 2016 1,521 Views

-အိမ်နီးချင်း နိုင်ငံများတွင် မရှိသေးသည့် မိုင်းရှင်းယာဉ်အား မြန်မာ့ တပ်မတော်က ပထမဦးဆုံး အကြိမ် အဖြစ် ထုတ်ဖော် ပြသလိုက်သည်။
-တပ်မတော်(ကြည်း/လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် ထုတ်ဖော်ပြသခဲ့ပါတယ်။
-ထိုသို့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု၌ မိုင်းကွင်းအား ယင်းယာဉ်ဖြင့် မိုင်းရှင်းလင်းကာ သရုပ်ပြခြင်းကို ပြုလုပ်ခဲ့သည့် အပြင် ပြင်းအားမြင့် ဒုံးတစ်လုံးကိုလည်း ပစ်ဖောက်ပြကာ မိုင်းရှင်းလင်းသည့် သရုပ်ပြမှုများဖြင့် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မိုင်းရှင်းလင်းရေးယာဉ်အား ထုတ်ဖော် ပြသမှုကို မြန်မာ့ တပ်မတော်က စက်တင်ဘာ ၂၄ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာ မြို့နယ်ရှိ မိတ္ထီလာ မုန်တိုင်း ဒေသကွင်းတွင် ကျင်းပ ပြုလုပ်သည့် တတိယ အကြိမ် တပ်မတော် (ကြည်း/လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ရာတွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
“ဒီမိုင်း ရှင်းလင်းရေး ကားက များသောအားဖြင့် ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံ အချို့မှာ မရှိသေးဘူး”ဟု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာ့ တပ်မတော်သည် တိုက် လေယာဉ်များ ဖြစ်သည့် F-7၊ MiG 29၊ K8၊ F-7 တိုက်လေယာဉ်များ Mi38 တိုက်ခိုက်ရေး ရဟတ် ယာဉ် များကိုလည်း အဆိုပါ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် သရုပ်ဖော် ပြသခဲ့သည်။
Soure : tomorrow