ရီဟားနားရဲ့ ချစ်သူ ဒါကီ က သူမအပေါ်မှာ ဘာတွေများ လျှို့ဝှက်ဖုံးကွယ်ထားလဲ
28 Sep 2016 1,348 Views
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားရဲ့ ချစ်သူ ရပ်ပါအဆိုတော် ဒါကီ က သူမရဲ့ ခံစားချက်တွေကို သိပ်ပြီး အလေးအနက်ထားတော့ဟန် မတူတော့ပါဘူး။ ရီဟားနား ဘက်က စတင်လမ်းခွဲလာနိုင်တဲ့ ကိစ္စမှန်သမျှကို ရန်စတဲ့သဘောနဲ့ လုပ်နေပါတယ်။ ရီဟာနား အပေါ်မှာလည်း ပိပိရိရိလိမ်လည်မှုတွေ လုပ်နေပေမယ့် လျှို့ဝှက်ထားတဲ့ သူ့ရဲ့ နောက်ကြောင်းတွေက သတင်းဖြစ်လို့နေပါတယ်။
အင်တာဗျူးတစ်ခုမှာ ဒါကီ က ရီဟားနား ကို တစ်နေ့မှာ သူလက်ထပ်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့သလို စင်မြင့်ထက်နဲ့ ပိတ်ကားပေါ်မှာ ရီဟားနားနဲ့ အတူအမြဲရှိနေတာက သူ့ရဲ့မျှော်လင့်ချက် အိမ်မက်တွေ တစ်ကယ်ဖြစ်လာသလိုပါပဲလို့ ပြောခဲ့ပါတယ်။ ဒါဆို သူမှာ ရီဟားနား မသိအောင် အတင်းဖုံးကွယ်ထားတဲ့ ကိစ္စအချို့ ရှိနေရပါသလဲ..?
ဒါကီ က ရီဟားနားကို ကောင်မလေးတစ်ယောက်နဲ့ ပက်သက်ပြီး လိမ်ညာဖုံးကွယ်ထားတာတွေရှိပါတယ်၊ အဲဒီကောင်မလေးနဲ့ ခရီးအတူတူ သွားခဲ့တာကိုတောင် ရီဟားနားတစ်ယောက် မသိရှာခဲ့ပါဘူး။ ဒီကိစ္စပေါ်ခဲ့လို့ သူတို့လမ်းခွဲဖြစ်ကြမယ်ဆိုရင်တော့ ရီဟားနားအတွက် ဘဝမှာ အရမ်းကြည်နူးဖို့ကောင်းတဲ့ အချိန်တွေကို အမှားကြီးမှားခဲ့တာပါလား လို့တောင် ထင်မှတ်သွားစေနိုင်ပါတယ်။
မကြာသေးမီက ကျင်းပသွားတဲ့ MTV ဆုပေးပွဲတစ်ခုမှာ ဒါကီ က ရီဟားနားကို လပ်ထပ်ခွင့်တောင်းခဲ့ပါ၊ ရီဟားနားတစ်ယောက် အရည်ပျော်သွားပြီး လက်ခံလိုက်ပါတယ်။ စတိတ်စင်ပေါ်မှာ ဘယ်ယောက်ျားလေးကမှ နမ်းတာကို လက်မခံခဲ့တဲ့ ရီဟားနားတစ်ယောက် ဒါကီ ရဲ့ အနမ်းတွေကို လက်ခံခဲ့ပြီး လူအများရှေ့မှာ သူတို့ရဲ့ ချသ်ခြင်းတွေကို ပြသခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရီဟားနားတစ်ယောက် ဒါကီကို ရေရှည်လက်တွဲသွားမယ်လို့ ရည်ရွယ်ထားတာကို ပြသလိုက်သလိုက်တာပါပဲ ဒါပေမယ့် ဒါကီ က သူ့အပေါ်ဖုံးကွယ်ထားတာတွေ ရှိနေတာကိုတော့ မသိရှာခဲ့ပါဘူး။
အဆိုတော် ဒါကီဟာ မော်ဒယ်မလေး ဒါကိုတာ ဂွန်ဇဲ့လ် နဲ့ စုံတွဲခုတ်နေတာ ကြာနေခဲ့ပါပြီ။ သူတို့နှစ်အတူတူ လာ့စ်ဗေးဂါတ်စ် ကို အတူသွားပြီး အချိန်ကုန်ခဲ့ကြဖူးပါတယ်။ အကဲမလေး ဒါကိုတာ က သူတစ်ယောက်ထဲတင် မဟုတ်ပဲ သူ့ရဲ့ ညီမဖြစ်သူကိုပါ လာ့စ်ဗေးဂါတ်စ် အတူတူခေါ်သွားခဲ့ပြီး သူတို့ ၃ ဦးထဲ ဂီတပွဲတစ်ခုကို သွားခဲ့ကြပါတယ်။
ဒီအကြောင်းကို ရီဟားနားတစ်ယောက် သိသွားခဲ့ရင်လည်း ဒါကီ က ‘ဘာမှမဟုတ်ပါဘူးကွာ’ လို့ပဲ ဖြေရှင်းမှာ သေချာပါတယ်။
အကယ်၍များ ဒါကီ ရဲ့ လုပ်ရပ်တွေက ရီဟားနားအတွက် လိမ်ညာခဲ့သလိုဖြစ်ခဲ့ရင်တော့ သူတို့နှစ်ဦး မကြာခင် လမ်းခွဲဖို့ ဖြစ်လာပါလိမ့်ဦးမည်။
“တစ်ဦးနဲ့တစ်ဦး ပက်သက်မိခြင်းက ဆတ်ဆတ်ထိမခံပါဘူး၊ အချစ်နှင့်သာ ထိန်းသိမ်းပါ"